32 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – အကြမ်းဖက် စစ်ကောင်စီက CDM ဝန်ထမ်း အမည်စာရင်းပါတဲ့ သူမှန်သမျှကို ရန်ကုန်လေဆိပ်ကနေ ထွက်ခွင့်မပေးဘဲ ပြစ်မှု မရှိရင် ထိန်းသိမ်း- ငွေညှစ်ပြီး ပြစ်မှုရှိရင် စစ်ကြောရေး တန်းပို့လိုက်တယ်လို့ ရန်ကုန်ခေတ်သစ်ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ – ပဲခူးတိုင်း၊ အင်းတကော်မြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အင်းတကော်ရဲစခန်းက ရဲတပ်ကြပ် တင့်နိုင်ဦးကို အောက်တိုဘာလ ၉ ရက်နေ့မှာ အင်းတကော် PDF တပ်ဖွဲ့ကနေ ပစ်ခတ် တိုက်ခိုက် ရှင်းလင်းရာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ – မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မရဲစခန်းက စစ်ကောင်စီလက်အောက်ခံ စခန်းမှူး ရဲအုပ် စောနိုင်ဦးဟာ အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းမှာ ပစ်ခတ်ရှင်းလင်း ခံရပြီး သေဆုံးသွားတယ်တဲ့ သတင်းအပါ အဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article