37 C
Yangon

ဝက်လက်၊ ငါးပန်ချောင်းရွာကို စစ်တပ်က လေယာဥ်ဖြင့် ပစ်ခတ်ပြီး စီးနင်းမှုတွင် ပြည်သူ ၂ ဦးနှင့် PDF ရဲဘော် ၁ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ငါးပန်ချောင်း ကျေးရွာကို အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၈ ရက်နေ့တွင် လေယာဥ်များဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ဂျက်ဖိုက်တာ ၂ စီး၊ ရဟတ်ယာဥ် ၄ စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ငါးပန်ချောင်း ကျေးရွာနေ ပြည်သူ အများအပြား ပိတ်မိခဲ့ကြောင်း၊ ပိတ်မိနေသော ပြည်သူများကို BLACK WOLF – PDF အဖွဲ့သားများနှင့် မဟာမိတ်များ ပူးပေါင်းကာ ကယ်ထုတ်ခဲ့ကြောင်း၊ ကယ်ထုတ်နေစဥ် အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် ရွာထဲ ဝင်ရောက် လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျေးရွာအတွင်း ဝင်ရောက်လာသော စစ်တပ်သည် သာလွန် အင်အားဖြင့် ထိုးစစ်ဆင်လာပြီး လေကြောင်း အသုံးပြုမှု များကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာ လာခဲ့ရပြီး PDF ရဲဘော် BW SNIPER နှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးသွားသော PDF ရဲဘော် BW SINPER ကို Black Wolf-PDF ရဲဘော်များက တောနင်းရှာဖွေစဥ် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ဂုတ်ပြတ်ရှ ဒဏ်ရာများဖြင့် အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ထားသည်ကို တွေ့ရှိခဲ့ရပြီး PDF ရဲဘော်နှင့်အတူ ပြည်သူ ၂ ဦး၏ ရုပ်အလောင်းများကိုလည်း တွေ့ရှိခဲ့ကြောင်း Black Wolf-PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article