30 C
Yangon

ကနီမြို့နယ်တွင် ရွာပေါင်းစုံ ကျေးလက်ဆီမီးသပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျေးရွာတစ်ရွာတွင် အောက်တိုဘာလ ၁၁ ရက် ယနေ့၌ ကျေးလက်ဆီမီးသပိတ်ပြုလုပ်ပြီး အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြသည်။

“ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာ အလေးအမြတ်ပြုကြ”နှင့် “ပြာပုံကြားက တော်လှန်ဆဲ ၅/တို့မာန်နဲ့ဇွဲ” ဘန်နာများကို ဆွဲကိုင်၍ ကနီမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့က ဦးဆောင်ပြီး ကျေးရွာများမှ ပြည်သူများက ပူးပေါင်းပါဝင်ခဲ့ကြသည်။

ကျေးလက်ဆီမီးသပိတ်တွင် လူထုစည်းရုံးရေးအဖြစ် မိုင်ဂျာယန်က ဆိုင်းလုရာ ကဗျာကို ကျောင်းသားလူငယ်များက အော်ပရာအဖြစ် ကပြခဲ့သလို တော်လှန်ရေးသီချင်းများကိုလည်း ဟစ်ကြွေးသီဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article