30 C
Yangon

ကရင်ပြည်နယ်၊ ဘားအံခရိုင်ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခွန်အောင်ကျော်မိုး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင် ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခွန်အောင်ကျော်မိုးသည် ယ နေ့ နံနက်ပိုင်း နေအိမ်တွင် ရှိနေစဉ် ပစ်ခတ်ခံရပြီးသေဆုံးသွား‌ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီကျော်အချိန် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာတွင် နေထိုင်သော ခရိုင်ကြံ့ဖွတ်ဥက္ကဋ္ဌ ခွန်အောင်ကျော်မိုးကို သေ နတ်သမားတချို့က လာရောက် ပစ်ခတ်ရာမှ သေ ဆုံးသွားခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် လကလည်း ၎င်း၏ နေအိမ်ကို လက် ပစ်ဗုံးပစ်၍ သတိပေးခံခဲ့ရကြောင်း ဒေသခံများက ဆိုကြသည်။

” သာမညကျေးရွာမှာနေတဲ့ ခရိုင် ကြံ့ခိုင်ရေးဥက္ကဋ္ဌ ခွန်အောင်ကျော်မိုး မနက်စောစော အပစ်ခံရတယ်။ သေနတ်နဲ့ ၆ ချက် အပစ်ခံရတာ။ သူက လျှပ်စစ်ပစ္စည်း အရောင်းဆိုင် သာမည စျေးနားမှာ အိမ်နဲ့ဆိုင်တွဲဖွင့်ထားတာ။ ပြီးခဲ့တဲ့လက သူ့အိမ်က ဗုံးကျဲခံရတယ်။ သူ့ကို သတိပေးထားတာ။ သူက သာမညစျေးနားမှာ စျေးဆိုင်ဖွင့်နေတယ်။ အိမ်ရောဆိုင်ရောက သာမညစျေးနားမှာ။ သေနတ်သမားတွေက လာပစ်သွားပြီး ဆုံးသွားပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အသက် ၅၀ အရွယ်ရှိ ခွန်အောင်ကျော်မိုးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင် ပြည်နယ်၊ ပအိုဝ်းတိုင်း ရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ် ပြိုင်အရွေးချယ်ခံခဲ့ပြီး ရှုံးနိမ့်ခဲ့ကြောင်း၊ ၎င်းသည် လှိုင်းဘွဲ့မြို့နယ်၊ ထီလုံဇာတိဖြစ်ကြောင်း၊ အမျိုး သမီးဖြစ်သူမှာ သာမညကျေးရွာမှ ပအိုဝ်းတိုင်းရင်းသူဖြစ်၍ ဇနီးဖြစ်သူဇာတိရွာတွင် လိုက်လံ နေထိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်နှင့်ရဲများ ရောက်ရှိလာပြီး အလောင်းကို သယ်ဆောင်ခြင်း၊ အနီးအနား ပတ်ဝန်းကျင်တွင် လုံခြု့ရေးချ၍ စစ်ဆေးမှုတချို့ရှိနေကြောင်း ဒေ သခံတချို့က ဆိုကြသည်။

ဓာတ်ပုံ- ဘားအံခရိုင် ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခွန်အောင်ကျော်မိုး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article