33 C
Yangon

ချောင်းဦးတွင် စစ်တပ်က ကျေးရွာ ၄ ရွာကို စီးနင်း မီးရှို့ဖျက်ဆီးသဖြင့် ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် PDF ရဲဘော် ၄ ဦးကျဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီးဝင်ရောက်စီးနင်းသဖြင့် ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် မှန်ချိုကျေးရွာ၊ မထိသာကျေးရွာ၊ မလုံးတင်ကျေးရွာ၊ ဆင်ပြေကျေးရွာတို့ကို စစ်တပ်က ရွာလုံးကျွတ် နီးပါး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ယင်းကျေးရွာ ၃ ရွာမှ ပြည်သူများ အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူ ၈၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ဆင်​မြေရွာကို အကြမ်း ဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ် ခဲ့သောကြောင့် အမျိုးသမီး တစ်ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

စစ်တပ်က မှန်ချိုရွာကို အောက်တိုဘာလ ၁၄ ရက်နေ့မှ စတင်ကာ ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဆင်မြေရွာ၊ မထိသာရွာနှင့် မလုံတင်ရွာတို့ကို ဆက်လက် စီးနင်း မီးရှို့ ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ချောင်းဦး မြို့နယ် မှန်ချို၊ မထိသာ၊ မလုံးတင်နဲ့ ဆင်ပြေရွာတွေကို စစ်ခွေးတွေက မီးတင်ရှို့နေတယ်။ မီးက ရွာလုံးကျွတ်နီးနီး အရှိုးခံလိုက်ရတာ တော်တော်များတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ ညအချိန်ထိ ၃ ရွာက မီးမငြိမ်းသေးဘူး။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေကလည်း ၈ ထောင်ကျော်လောက်ရှိတယ်။ စစ်ရှောင်တွေအတွက်လည်း အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်။ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ရမ်းပစ်လို့ ဆင်မြေရွာက အမျိုးသမီး တစ်ယောက်ကို ထိမှန်တယ်။ ဒဏ်ရာ အခြေအနေ စိုးရိမ်ရတယ်။ ဖမ်းခံရတဲ့ စစ်ဘေးရှောင်တချို့လည်းရှိတယ်။ သူတို့က ရွာဘေး ကပ်ရှောင်တော့ စစ်ခွေးတွေ တောနင်းရှာတဲ့အချိန် စိုက်ခင်းတွေထဲမှာမိတာ မထိသာရွာမှာပါ။ အခု စစ်ခွေးတွေက စစ်ကြောင်း ၃ ကြောင်းခွဲထားတယ်။ ရွာတွေထဲကို ပြည်သူတွေလည်း ပြန်မဝင်ရဲသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မထိသာရွာကို မီးရှို့ဖျက်ဆီးသော အကြမ်းဖက် စစ်တပ်နှင့် ကာကွယ် ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်မှ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ကာ PDF ရဲဘော် ၄ ဦးကျဆုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်မှလည်း လက်နက်နှင့် လူအင်အားများ ထပ်မံဖြည့်တင်းထားကြောင်း ဒေသခံပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article