29 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာရှိတဲ့ ရွှေပန်းကုံးနယ်မြေရဲစခန်းကို ဒီကနေ့ အောက်တိုဘာလ ၁၇ ရက် နေ့ မနက်အစောပိုင်းက ပြည်သူ့ကာကွယ်ရေး PDF တပ်ပေါင်းစုတွေကနေ ဝင်ရောက်တိုက်ခိုက်ရာမှာ စစ် ကောင်စီဘက်က အထိနာတဲ့အတွက် Mi35 ရဟတ်ယာဉ် ၂ စီးနဲ့ ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ် နေတယ် လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။ – မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့အထွက်က အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ဆေးရေး-ဂိတ်ကို အောက်တို ဘာလ ၁၆ နေ့က ဗုံးခွဲတိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားခဲ့ပြီး ၊ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ဦး သေသွား တယ်လို့ ဒေသကာကွယ်ရေးတပ် နဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တွေ လိုက်ပါလာတဲ့ ကား ၁ စီး နဲ့ ဆိုင်ကယ် ၅ စီး ၊ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article