30 C
Yangon

ဟားခါးမြို့ပေါ်တွင် ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ထွက်ပေါ်ပြီးနောက် မြို့နယ် စုပေါင်းရုံး မီးလောင်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ထွက်ပေါ်ပြီးနောက် မြို့နယ် စုပေါင်းရုံးမီးလောင်နေကြောင်း နယ်မြေခံ သတင်းရင်းမြစ် များထံမှသိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း ၂နာရီခန့်တွင် ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ လုံခြုံရေး တင်းကြပ်ထားသည့်စုပေါင်းရုံး အဆောက်အအုံ ဘက်တွင် ပစ်ခတ်သံ ပေါက်ကွဲသံများ ထွက်ပေါ်ပြီးနောက် အဆောက်အအုံများ မီးလောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စုပေါင်းရုံးတွင် မြို့နယ် လ၀က၊ မြို့နယ် ပညာရေး၊ မြို့နယ် စည်ပင်၊ မြို့နယ် ကျေးလက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ တစ်နေရာတည်းတွင် စုပေါင်းရုံးထိုင်သည့် နေရာဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article