29.6 C
Yangon

မြင်းမူတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲခံရပြီး ၈ ဦးသေဆုံး၊ ရွှေဘိုတွင်လည်း စစ်သားများ လိုက်ပါလာသော နာရေးကား မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတွင် မြင်းမူမြို့နယ်တွင် စစ်တပ်ယာဥ်တန်းနှင့် ခြေလျင် စစ်​ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံးကြောင်း မြောင်မြို့နယ် CDSOM အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်း တပ်မ ၃၃ မှ စစ်ကား ၁၀ စီးဖြင့် ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို ခိုးယူ ဖျက်ဆီးရန် ထွက်ခွာလာစဥ် နဘဲကျူးနှင့် ပျော့ရွာ အကြားတွင် CDSOM အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ပူးပေါင်းကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီး မိုင်းထိကာ ပျက်စီးသွားပြီး စစ်သား ၅ ဦး သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် မြင်းမူမြို့ အတွင်းမှ မိုင်းရှင်းရန် ခြေလျင် ချီတက်လာသော အကြမ်းဖက် စစ်တပ်မှ စစ်သား ၉ ဦးကို ကန်ဖျားဇရပ် အကြားတွင် လေးလုံးတွဲ မိုင်းဖြင့် ထက်မံ တိုက်ခိုက်ခဲ့ပြီး ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM၊ Black Eagle Defence Force – MMU၊ Myinmu Civil Revolution Force – CRF Myinmu၊ People’s Defence Force Myinmu – MMU PDF၊ မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့ စသည့် မဟာမိတ်အဖွဲများနှင့်အတူ မြင်းမူမြိုနယ် ပ.က.ဖ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကိုင်းခရိုင် တပ်ရင်း (၆) တပ်ခွဲ (၂) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း CDSOM အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် စစ်သားများ လိုက်ပါလာ နာရေးကား မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း SBDF အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၈ မိနစ်ခန့်က ပလိုင်းရွာ နာရေးကူညီမှု အသင်းမှ လုယူလာသော နာရေးကားကို ရွှေဘို လမ်းပိုင်းတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Shwe Bo Defense Force (SBDF) စခန်း ၁ မိုင်းအဖွဲ့နှင့် Shwe Bo Welet Special Task Force၊ လျှပ်စီးမုန်းတိုင်းနှင့် ရွှေမင်းသား အဖွဲ့တို့က အဝေးထိန်း မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကားနောက်ပိုင်းထိမှန် ပျက်စီးခဲ့ကြောင်း SBDF အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article