29.6 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်စွန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်မှု စစ်သား ၅ ဦးသေဆုံး၊ ဂန့်ဂေါတွင် စစ်တပ်၊ ပျူစောထီးများနှင့် YDF ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်စွန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီစခန်းကုန်းနှင့် BGF များ ပူးပေါင်းတပ်စွဲထားသည့် ဂိတ်စခန်းကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးကြဲရာ စစ်သား ၅ ဦးသေဆုံးကြောင်း သတင်းရရှိသည်။

သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပေါ်ရှိ တောင်စွန်းကျေးရွာအနီး ဖွင့်လှစ်ထားသော စစ်ကောင်စီ၊ BGF ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာပြင်းထန်ကြောင်း၊ တပ်စခန်းအတွင်းရှိ ၆၀ မမ လက်နက်ကြီးတစ်ခု ပျက်စီးသွားကြောင်း KNLA ပူးပေါင်းတပ် အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က သတင်းထုတ်ပြန်သည်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၅၀၊ ပျူစောထီးပူးပေါင်းအဖွဲ့နှင့် YDF တပ်ရင်း ၁၊ ၂၊ ၃ တို့ကြား အောက်တိုဘာလ ၁၇ ရက် ယမန်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးကြောင်း သတင်းရရှိသည်။

အင်အား ၁၅၀ ခန့်ပါသော စစ်ကောင်စီတပ်ဖွဲ့နှင့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF တပ်ရင်းများကြား ၂ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပြီး YDF ဘက်မှ ရဲဘော် ၂ ဦး ဒဏ်ရာရကြောင်း YDF က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article