29.6 C
Yangon

မြင်းခြံခရိုင်တွင် PDF များက မိုင်း ၁၅၀ စစ်ဆင်ရေးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ နှစ်လအတွင်း စစ်သား ၅၂ ဦး သေဆုံး၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်ကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်း ၁၅၀ စစ်ဆင်ရေးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ၆၇ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၂ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် တောင်သာမြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ၅၂ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရှိရသည်။

နွားထိုးကြီး PDF၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းကာ ဩဂုတ်လ ၁၀ ရက်နေ့မှ စတင်ကာ မိုင်း ၁၄၀ စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်ကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၅ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း PTTF အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့က မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်ကိုင်းဘက်မှ ထွက်လာသော စစ်ကား ၃ စီးပါ ယာဥ်တန်းကို ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Peace Takers Task Force-PTTF အဖွဲ့၊ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) တပ်ရင်း (၆)၊ တပ်ခွဲ(၂) Monywa Eagle Generation Y တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article