28 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် 

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၀ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမြိုင် ၁၃ ရပ်ကွက်မှာ ဒီကနေ့ အောက်တို့ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း ကခွင့် နဲ့ ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး- မြင့်ဆွေ ဆိုသူနဲ့ ဇနီးဖြစ်သူ – ရတနာဦး အပြင် ၊ ဗိုလ် အောင်ကိုမင်း အပါအဝင် ၃ ဦး ပစ်ခတ်ရှင်းလင်း ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ -စစ်ကိုင်းတိုင်း ၊ အင်းတော်မြို့နယ် ၊ နန့်သာရွာကို ဒီကနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်ကနေ တိုက်လေယာဥ် နဲ့ ဗုံးကျဲခဲ့တာကြောင့် ရွာထဲမှာ မီးလောင် နေတယ်လို့ Indaw Revolution -IR အဖွဲ့ဆီကနေ သိရပါတယ်။ -ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖို-မြို့နယ်၊ ဝိုင်းကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံနယ်မြေရဲစခန်းကို သာယာဝတီခရိုင် PDF တပ်ဖွဲ့တွေက ဒီကနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၅ ဦးသေသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article