30 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၁ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – မြန်မာနိုင်ငံက စွန့်ခွာ ထွက်ပြေးလာသူတွေကို စစ်ကောင်စီ လက်အောက် အတင်းအကျပ် ပြန်မပို့ဖို့ အတွက် အစိုးရတွေကို UNHCR ကနေ အရေးပေါ် ပန်ကြားတောင်းဆိုလိုက်ပါတယ်။ – ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် နဲ့ ဟားခါးမြို့နယ်တွေမှာ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ချင်းပူး ပေါင်းတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ သေသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဆီကနေ သူတို့ ခိုးယူထားတဲ့ အများပြည်သူပိုင် ရွှေ၊ ငွေ ပစ္စည်းတွေကို ချင်းတပ်ဖွဲ့ကနေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ -စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်က ဧရာဝတီ မြစ်ဘေး တစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို အောက်တို ဘာလ ၂၀ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ် ရဲ့ ရေယာဥ်အုပ်စုကနေ အရပ်သားပစ်မှတ်တွေပါ မချန် ပစ်ခတ်မှုကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး ကျွဲ၊ နွားတွေ သေဆုံးခဲ့တဲ့သတင်းတွေအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article