34 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၁ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို ဒီကနေ့ အောက်တို ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက စပြီး မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေပြီ ဖြစ်တာကြောင့် ပြည်သူတွေ အနေနဲ့ ဝိုင်းဝန်း ထောက်ပံ့ကူညီကြဖို့ Lion Battalion Commando ကနေ မေတ္တာရပ်ခံကြေညာ ထားပါတယ်။ -ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရဲ့ ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မြို့သိမ်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာတဲ့အတွက် လေကြောင်းက /တဆင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများ ပြည်သူပိုင် နေအိမ်ခြံဝန်းတွေအတွင်း ဒုံးကျည် နဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲပြီး နေအိမ် ထိခိုက်ပျက်စီးမှုတွေ၊ အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ရှိတဲ့ ချောင်းဦးကျေးရွာက သံဃာတော်တစ်ပါးကို အောက်တို ဘာလ ၁၈ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်ကနေ ဓားနဲ့ လှီး ၊ ရိုက်နှက်တာတွေကို လုပ်ပြီး တော့ “PDF ဘယ်မှာရှိလဲ” ဆိုပြီးမေးမြန်း စစ်ဆေးခဲ့တဲ့တွက် အဲ့ဒီ့ ရဟန်းဟာ ဒဏ်ရာအပြင်း အထန်ရရှိထားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article