36 C
Yangon

မြိုင်၊ လင်းကတောရွာ ရဲစခန်းကို PDF တပ်များကတိုက်ခိုက်၊ စစ်တပ်က ရဟတ် ယာဥ် ၂ စီးဖြင့် ပြန်ပစ်ပြီး စစ်အင်အားအများအပြားချထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း မြိုင်မြို့နယ် လင်းကတောရွာ ရဲစခန်းကို ကာကွယ်ရေး တပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မြိုင်မြို့နယ် အရှေ့မြောက်ပိုင်းရှိ လင်းကတော ကျေးရွာရဲစခန်းကို ဒေသ ကာကွယ်ရေး တပ်ဖွဲ့များမှ သွားရောက်ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ် နှစ်စီးဖြင့် မိနစ် ၂၀ ခန့် လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် တွင်းမကျေးရွာ၌ ၁၂ ဘီးကား ၁ စီး၊​ ၆ဘီးကား ၁ စီး၊ ကားလေး ၁ စီးဖြင့် အင်အား ၂၀၀ ခန့် ရောက်ရှိနေကြောင်း သိရသည်။

” သက်ဆိုင်ရာ အဖွဲ့‌တွေအနေနဲ့ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးလို့ အသေး စိတ် အခြေအနေတော့ မသိရသေးဘူး။ ထိခိုက်ကျဆုံးမှု အခြေအနေလည်း အတည်ပြုလို့မရသေးဘူး” မြိုင်မြို့ နွေဦးတော်လှန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဓာတ်ပုံ – ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို PDF က ဝင်တိုက်ခိုက်စဉ် စခန်းကို မီးရှို့ရှင်းလင်းမှု မြင်ကွင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article