37 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၅ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – ကချင်ပြည်နယ်၊ ဖားကန့်မှာ ပြည်သူတွေကို စစ်လေယာဉ်နဲ့ ပစ်ခတ်သတ် ဖြတ်မှုအပေါ် ဝမ်းနည်း ကြောင်း Facebook ပရိုဖိုင်း အမည်းရောင်ချိန်းလိုက်တဲ့ နေပြည်တော် ကုတင် ၃၀၀ ဆေးရုံကစစ်ဆေး ဆရာဝန် ပါရဂူဗိုလ်မှူးကျော်ဖုန်းမြင့်ကို စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။ – မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဗိုလ်ကျစိုးမိုးနေမှုကို အပြီးတိုင် ချေမှုန်းရေးအတွက် နိုင်ငံရေး နဲ့ စစ်ရေး အရှိန်အရွေ့တစ်ခုကို ဗျူဟာ အသစ်နဲ့ တိုက်ပွဲဝင်မှာ ဖြစ်တယ်လို့ KIO ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြည်သူလူထု တစ်ရပ်ကို အသိပေး မိန့်ခွန်းပြောဆိုလိုက်ပါတယ်။ – မြန်မာနိုင်ငံကို အာဆီယံအစည်းအဝေး နဲ့ ယန္တရားတွေ အားလုံးကနေ ချန်လှပ်ထားဖို့အတွက် အရပ် ဘက်အဖွဲ့ ၄၅၇ ဖွဲ့ကနေ ဒီကနေ့ အောက်တို့ဘာလ ၂၅ ရက်နေ့မှာ တောင်းဆိုလိုက်ပြီး ၊ စစ်ကောင်စီ တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်ရေးကိုလည်း အာဆီယံက လုပ်ဆောင်ရ မှာဖြစ်တယ် လို့လည်း အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article