29.6 C
Yangon

ဖားကန့်တွင် ကျဆုံးခဲ့သည့် ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် မီးပိတ် သပိတ်ပြုလုပ်ရန် ဆားလင်းကြီး၌ သမဂ္ဂကျောင်းသားများ လိုက်လံနှိုးဆော်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

ဆားလင်းကြီးတွင် သမဂ္ဂ ကျောင်းသားများဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖားကန့်၌ ကျဆုံးခဲ့သည့် ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် မီးပိတ် သပိတ်ပြုလုပ်ရန် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးပိတ် သပိတ်ကို အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်မှ (ဖားကန့်-အနန့်ပါ လေကြောင်း တိုက်ခိုက်ခံရသည့် အချိန်) ည ၈ နာရီ ၄၀ မိနစ် အထိ ၁၀ မိနစ်ထိ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ယင်း လှုပ်ရှားမှုကို မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် လက်ပံတောင်းတောင်ပင်မ သပိတ်တို့ ပူးပေါင်းကာ လူထုနှိုးဆော်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူလူထုတရပ်လုံး၊ တနိုင်ငံလုံး ပါဝင်ဆင်နွှဲနိုင်မယ့် လူထုတိုက်ပွဲ လှုပ်ရှားမှု ကြီးတရပ် ပုံဖော်နိုင်ဖို့ရည်ရွယ်ပါတယ်ခင်ဗျာ။ ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်ခြင်း စစ်ရာဇဝတ်မှုကြီးမှ ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများ အပါအဝင် နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးရသူများအတွက် ဝမ်းနည်းကြေကွဲခြင်း၊ ဂုဏ်ပြုဦးညွှတ်ခြင်းအားဖြင့် ပြည်သူအားလုံးက “မီးပိတ်သပိတ် လူထုလှုပ်ရှားမှု” ကြီး ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။
သတ်မှတ်သည့် နေ့ရက်နဲ့ အချိန်မှာ မိမိတို့ အိမ်များ၊ လမ်းများ၊ အဆောက်အဦများက လျှပ်စစ်မီးအပါအဝင် မီးအားလုံးကို ပိတ်၊ အမှောင်ချထားကြဖို့ ဖြစ်ပါတယ်” ဟု သမဂ္ဂ ကျောင်းသားများက ဟောပြောခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article