25 C
Yangon

သံတွဲမြို့နယ်တွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က နတ်တောင်မော်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

Must read

သံတွဲမြို့နယ်တွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က နတ်တောင်မော်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် AA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က နတ်တောင်မော်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၁၇ ရက်နေ့ ညနေပိုင်းက စတင်ကာ သံတွဲမြို့နယ်၊ လင်းသီရွာ၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး လင်းသီရွာထဲမှ စစ်ကောင်စီတပ်သား ၂၀၀ ခန့်သည် AA ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ရွှေလှေကျေးရွာထဲကို ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများသည် ယနေ့ မေလ ၁၈ ရက်နေ့တွင်လည်း လင်းသီရွာ၊ ရွှေလှေရွာနှင့် နတ်တောင်မော် ကျေးရွာအနီးတို့တွင် ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွာနေစဉ် အတွင်း အကြမ်းဖက် စစ်တပ်က နတ်တောင်မော်ကျေးရွာကို ယနေ့ မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီမှ စတင်ကာ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီတွင် ကျဲချခဲ့သော ဗုံးသီး ၂ လုံးကြောင့် နတ်တောင်မော်ရွာရှိ ပြည်သူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နတ်တောင်မော်ကျေးရွာနှင့် လင်းသီကျေးရွာတို့အနီးတွင်သာ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နတ်တောင်မော်ရွာထဲကိုလေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး ရွှေလှေ တိုက်နယ်တစ်ဝိုက်တွင် AA နှင့် အကြမ်းဖက် စစ်တပ်တို့ ဧပြီလ ၂၂ ရက်နေ့မှစပြီး ထိတွေ့ တိုက်ပွဲများ ယနေ့ အချိန်အထိ ဖြစ်ပွားနေပြီး မေလ ၁၄ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ လင်းသီကျေးရွာကို သံတွဲမြို့ အဝင်ဘားဒါန်းတောင် စစ်ကောင်စီတပ်က လက်နက်ကြီး ၅ ဦးလုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၁၀ ဦးသေဆုံးခဲ့ပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article