25 C
Yangon

ဘုတ်ပြင်းမြို့နယ်ရှိ ပြည်ကြီးမဏ္ဍိုင်ရဲစခန်း၊ လေညာတံတား စစ်ဆေးရေးဂိတ်နှင့် ရေဦးရှိ မြို့မရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ဘုတ်ပြင်းမြို့နယ်ရှိ ပြည်ကြီးမဏ္ဍိုင်ရဲစခန်း၊ လေညာတံတား စစ်ဆေးရေးဂိတ်နှင့် ရေဦးရှိ မြို့မရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ မေ ၁၈

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ ပြည်ကြီးမဏ္ဍိုင်ရဲစခန်းနှင့် လေညာတံတား စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း PDF Kawthaung District Battalion 1 – P23201 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၇ မိနစ်ခန့်တွင် ဘုတ်ပြင်မြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်ရဲစခန်းနှင့် လေညာတံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များ ၄၀ မမ များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေဆုံးထိခိုက်မှု အခြေအနေတော့ စုံစမ်းနေတုန်းပဲ ပစ်မှတ်တော့ သတ်မှတ်ထားတာထက် နဲနဲလေး လွဲတော့ အထိခိုက်က သိပ်မသိရဘူး။ ထိခိုက်တာကရှိလိမ့်မယ်။ သေမသေတော့ မပြောတတ်ဘူး။ မနက် အစော လုပ်ရတာဆိုတော့ မှတ်တမ်းယူဖို့က မြူနဲ့ ပိတ်နေတော့ အဆင်မပြေလို့ ရဲစခန်ကို ၁ လုံးနဲ့ တံတားဂိတ်ကို ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့တယ်” ဟု PDF Kawthaung District Battalion 1 – P23201 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းတပ်ခွဲ ၂ ၊ DragonSquad Uav Force၊ Kawthaung District Uav Force ၊ KNLA တပ်ရင်း ၂၀၃ တပ်ခွဲ ၁ ပူးပေါင်းစစ်ကြောင်း တို့က ပြုလုပ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ မြို့မရဲစခန်းအတွင်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၁၈ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က ရေဦးမြို့ပေါ်ရှိ မြို့မရဲစခန်းအတွင်းသို့ ရွှေ ဘို ခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF တပ်ဖွဲ့မှ Fixed-Wing Drone ၂ စီးဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲများ ရှိရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ရဲများဘက်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ် ခတ်ခဲ့သော်လည်း ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article