27 C
Yangon

ဖားကန့် KIO အခမ်းအနားကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် လူပေါင်းများစွာ သေဆုံးဒဏ်ရာရမှုအပေါ် KIO နှင့် ထပ်တူ ဝမ်းနည်းဟု UWSA က ထုတ်ပြန်၊ NDAA မိုင်းလားကလည်း ဗုံးကျဲမှု အပေါ် လွန်စွာတုန်လှုပ်ဟု ထုတ်ပြန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

ကချင်ပြည်နယ်၊ ဖားကန့်တွင် KIO ၏ ၆၂ နှစ်မြောက် တေးဂီဖျော်ဖြေပွဲကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုအပေါ် လူပေါင်းများစွာ သေဆုံးဒဏ်ရာရမှုအပေါ် UWSA က KIO နှင့်ထပ်တူ ဝမ်းနည်းကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း UWSA မှ ဦးညီရန်းက သူ၏ လူမှုကွန်ရက်တွင် တရုတ်ဘာသာ ကြေညာချက်ကို ဘာသာပြန်ဆို သတင်းထုတ်ပြန် ထားသည်။

၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့ညပိုင်းအချိန်တွင်ကချင်လွတ် မြောက်ရေးအဖွဲ့ (KIO) ၏ (၆၂)နှစ်မြောက်ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲအခမ်းအနား၌တိုက်လေယာဉ်၏တိုက်ခိုက်မှုကိုခံခဲ့ရပြီးအခမ်းအနားတွင်လူပေါင်းများစွာသေကျေဒဏ်ရာရခဲ့သည့်ဖြစ်စဉ်အပေါ် အံ့ဩတုန်လှုပ်ခဲ့ရကြောင်း၊ ဤဖြစ်စဉ်တွင်အသက်ဆုံးရှုံးခဲ့ရ သည့်အပြစ်မဲ့ပြည်သူများအပေါ်နှမြောတမ်းတမှုနှင့်အတူကျန်ရစ်သူမိသားစုများ၊ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့်ထပ်တူဝမ်းနည်းကြေကွဲခံစားရကြောင်း UWSA က ဆိုသည်။

ဤကဲ့သို့ဆိုးဝါးလှသည့်ကိစ္စများကိုခါးသီးပြီးဖြစ်စဉ်၏နောက်ဆက်တွဲပြောင်းလဲ ဖြစ်ပွားလာမည့်အခြေအနေအရပ်ရပ်ကိုအထူးဂရုပြုစောင့်ကြည့်နေကြောင်း၊ “ဝ”ပြည်နယ်မှပဋိပက္ခနှင့်သက်ဆိုင်သူများအအပေါ် အသက်ပေါင်းများစွာသေကျေပျက်စီးစေသည့် လက်နက်ကိုင်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ရှောင်ရှားရေးလူ့အဖွဲ့အစည်းနှင့်လူမျိုးစုအကြားချစ်ကြည်ရေးအတွက်အတူလက်တွဲမှု‌ကောင်းစွာဖြစ်ထွန်းပြီးမျိုးရိုးစဉ်ဆက်ရန်ငြိုးထားရှိမှုစသည့်ပဋိပက္ခများကိုငြိမ်းချမ်းရေးနည်းလမ်းဖြင့်ကိုင်တွယ် ဖြေရှင်းနိုင်ရေး၊ လူ့အခြေခံအခွင့်အရေးပဋိညာဉ်စာတမ်းအရအပြစ်မဲ့ပြည်သူများ၊အမျိုးသမီးနှင့်ကလေးသူငယ်များ အားပဋိပက္ခဖြစ်စဉ်တိုက်ခိုက်မှုများကြားမှအတတ်နိုင်ဆုံး၊အထိရောက်ဆုံးကာကွယ်စောင့်ရှောက် ရေး စသည့်သဘောထားခံယူချက်များကိုထုတ်ပြန်ကြေညာကြောင်း UWSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ NDAA ကလည်း ဖားကန့်မှ ထိခိုက်သေဆုံးမှုများအပေါ် များစွာ တုန်လှုပ်မိကြောင်း ကြေညာချက်ထုတ် ပြန်သည်။

ဓာတ်ပုံ- UWSA ၀ တပ်ဖွဲ့ဝင်များ စစ်ရေးပြ မြင်ကွင်းတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article