30.5 C
Yangon

Breaking News- မြောင်မြို့နယ်၊ ပရိမ္မကျေးရွာကို စစ်တပ်က လေကြောင်းပစ်ခတ်တိုက်ခိုက် နေပြီး ပြည်သူများ ပိတ်မိနေ၊ ရွာကို ဝင်ရောက်စီးနင်းပြီး စစ်တပ်က မီးရှို့နေပြီ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ပရိမ္မကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ နံနက်ပိုင်း လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး ပြည်သူများ ပိတ်မိနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန် တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီး၊ ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ၊ အဆိုပါလေယာဉ်များသည် မုံရွာနမခ အထိုင်စခန်းမှ လာရောက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

“တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁စီးနဲ့ မနက်၇နာရီမှာ ပစ်တယ်။ မနက် ၇နာရီ၁၅မိနစ်မှာ ရိုးရိုး သယ်ပို့ ရတတ်ယာဉ် ၂ စီး ရောက်လာပြီ မြေပြင်ကိုလူချတာလာတော့မသိဘူး။အဲ၂စီးကလည်း ပစ်ခတ်တာတွေ လုပ်တယ်။ မနက်ခင်း ၅ နာရီက ကျောက်ရစ်စခန်းကနေ ပရိမ္မရွာကို အင်အား၇၀နဲ့ စစ်ကြောင်းထိုးလာတယ်။ အဲဒီမှာ ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်ကအကျဆုံးများလို့ အခုလို လာပစ်တာဖြစ်နိုင်တယ်” ဟု မြောင်ဒေသခံရွာသားတစ်ဦးကပြောသည်။

ယင်းနောက် နံနက် ၉ နာရီအချိန်တွင် စစ်တပ်က ကျေးရွာအတွင်းသို့ ပစ်ခတ် ဝင်ရောက်စီးနင်း၍ ကျေးရွာကို မီးရှို့နေကြောင်း ဒေသခံများက ဆိုကြသည်။

စစ်ကောင်စီတပ်များက မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများ ကို စစ်ကြောင်းထိုးရာတွင် နံနက်အစောပိုင်းနှင့် ညပိုင်းအချိန်များ တွင် အငိုက်ဖမ်း စစ်ကြောင်းထိုးနေကြခြင်းဖြစ်ပြီး ပြည်သူများမှာ မည်သည့် ပစ္စည်းမှ မယူဆောင်နိုင်ဘဲ အသက်လု ထွက်ပြေးမှုများ များပြားနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက် ကျေးရွာကို ပစ်ခတ်နေသော အကြမ်းဖက်စစ်ကောင်စီ ၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article