35 C
Yangon

ပြည်သူ့ဘက်သို့ သေနတ်ပြောင်း လှည့်သည့် စစ်တပ်ကို မုန်းတီးရွံရှာဟု အလင်းဝင်လာသည့် ခမရ ၃၅၈ မှ CDMတပ်သား ချစ်ဇော်ဝင်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

ပြည်သူဘက်ကို သေနတ်ပြောင်း ပြန်လှည့်နေသည့် အကြမ်းဖက်စစ်တပ်ကို မုန်းတီးရွံရှာသည့်အတွက် CDM ပြုလာလာခြင်းဖြစ်ကြောင်း ခမရ ၃၅၈ တပ်ရင်းမှ တပ်သား ချစ်ဝင်းဇော်က ပြောဆိုသည်။

ဘုတ်ပြင်းအခြေစိုက် ခမရ ၃၅၈ တပ်ရင်းသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး အဆိုပါ တပ်ရင်းမှ တပ်သား ၃ ဦးသည် KNLA ပူးပေါင်းတပ် နဂါးနီစစ်ကြောင်းထံ အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။

“ပြည်သူကို ကာကွယ်ဖို့ ဖွဲ့တဲ့အဖွဲ့ဟာ ပြည်သူဘက်ကို ပြန်လှည့်နေတဲ့အတွက် တော်တော်မုန်းတီးပါတယ်၊ စိတ်မပါတော့ဘူး။” ဟု တပ်သား ချစ်ဝင်းဇော်က ပြောဆိုသည်။

တပ်သား ချစ်ဝင်းဇော်သည် ၂၀၂၁ ခုနှစ်တွင် ဘားအံမြို့သို့ လာရောက်စဉ် ညမထွက်ရအမိန့်ဖြင့် ဖမ်းဆီးခံရပြီး အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခံရခြင်းဖြစ်ကာ စစ်သက် ၁ နှစ်ကျော်ခန့်သာ ရှိသေးကြောင်း သိရှိရသည်။

“ပြင်ဆင်ပါ၊ အမှန်တရားဘက်ကို လိုက်ပါ၊ စစ်အာဏာရှင်ကို အားမပေးပါနဲ့” ဟု ချစ်ဝင်းဇော်က စစ်ကောင်စီတပ်အတွင်း၌ ကျန်နေသော စစ်သားများကို အသိပေး ပြောဆိုသည်။

ခမရ ၃၅၈ မှ တပ်သား ၃ ဦး၊ ခမရ ၄၃၂ မှ တစ်ဦး၊ ခလရ ၂၈၄ မှ တစ်ဦးသည် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကြောင်းထိုးနေစဉ် CDM ပြုလုပ်လာခဲ့ခြင်းလည်းဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်သည် KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်း၌ တည်ရှိသည်။

အလားတူ စစ်ကောင်စီ၏ ကျိုက်ဒုံဗျူဟာမှ တပ်သား ၄ ဦးလည်း လွန်ခဲ့သည့်လတွင် အလင်ဝင်လာကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရှိရသည်။

နဂါးနီစစ်ကြောင်းသို့ အလင်းဝင်လာသည့် တပ်သားအများစုသည် အတင်း အဓမ္မစစ်သား ခံခဲ့ရသူများပြားကြောင်းနှင့် စစ်သက်နည်းသူများ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article