36 C
Yangon

ဝက်လက်နှင့် ရွှေဘို အစပ်ရှိ တိုက်ပွဲများအတွင်း Black Wolf PDFမှ ရဲဘော် ၄ ဦးကျဆုံးပြီး ကျပ်ငွေ သိန်း ၆၀၀ ကျော် တန်းဖိုးရှိ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ဆုံးရှုံးခဲ့ရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် အောက်တိုဘာလ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း Black Wolf PDFမှ ရဲဘော် ၄ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ အတွင်း ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် Black Wolf PDF တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စနိုက်ပါ ရဲဘော် ၁ ဦး၊ မိုင်းတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးနှင့် စက်ကလေး သေနတ် သမား ရဲဘော် ၁ ဦးတို့ ကျဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲများအတွင်း၌ BLACK WOLF – PDF တပ်ဖွဲ့မှ Dji Drone ၁ စီး (၃၅သိန်း) ဝန်းကျင်၊ U.S.A ထုတ် SIG CROSS SNIPER ၁ လက်(သိန်း၄၅၀) ဝန်းကျင်၊ စစ်ကြောင်းအတွင်း ဆုံးရှုံးမှုတွေနဲ့အတူ စစ်ရေး အသုံးစရိတ် အတွက် ကုန်ကျငွေ အပါအဝင် ကျပ်ငွေတန်ဖိုး (သိန်း ၆၀၀) ကျော် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Black Wolf-PDF တပ်ဖွဲ့သည် ဝက်လက်နှင့် ရွှေဘို နယ်အတွင်းသာမက နီးစပ်ရာ နယ်မြေများတွင်လည်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိကည ဆုံးရှုံးသွားသည့် လက်နက်နှင့် Drone တို့အား ပြန်လည်ဝယ်ယူနိုင်ရေးအတွက် ပြည်သူများ၏ အကူအညီ လိုအပ်လျက်ရှိကြောင်း BLACK WOLF-PDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article