29 C
Yangon

မြစ်ကြီးနားမြို့ပေါ်ရှိ သံချပ်ကာတပ်ရင်းနှင့် ဗန်းမော်မြို့ပေါ်ရှိ စစ်တပ် တပ်ရင်းများကို ရှော့တိုက်ဒုံးကျည်များ ဖြင့်တိုက်ခိုက်၊ တင့်ကားတစ်စီး မီးလောင်ပျက် စီးပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ အမှတ် ၇၀၀၄ သံချပ်ကာတပ်ရင်းကို ယနေ့ညပိုင်းတွင် ရှော့တိုက်ဒုံများဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများနှင့် စစ်တပ်ဘက်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် မြစ်ကြီးနားမြို၊ အမှတ် ၇၀၀၄ သံချပ်ကာတပ်ရင်းထဲသို့ ရှော့တိုက် ဒုံး များဖြင့် ပစ်ခတ်ခဲ့ကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

“ညနေက အမှတ် ၇၀၀၄ သံချပ်ကာတပ်ရင်းနားမှာ ပစ်ခတ်သံ ၂ ချက်တော့ကြားရတယ်။ ဘယ်သူက ဘယ်သူ့ကို ပစ်နေတာလဲတော့မသိပါဘူး” ဟု ၁၆ မိုင် အနီးနေထိုင်သူ ဒေသခံတစ်ဦးက ပြော သည်။

စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် ရှော့တိုက်ဒုံးတစ်လုံးသည် တပ်တွင်းစာ သင်ကျောင်းသို ကျရောက်ပေါက်ကွဲပြီးကျန်တစ်လုံးမှာ ရိပ်သာဘေးကျရောက်ပြီး ပေါက်ကွဲခြင်းမရှိကြောင်း၊ လူထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

အလားတူ ယနေ့ ည ၆ နာရီ​ကျော်ခန့်အချိန်ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်သဖြင့် ဗန်းမော်တစ်မြို့လုံး စစ်တပ်က လုံခြုံရေးတင်းကျပ်ထားပြီး တင့်ကားများ ပတ်မောင်း နေသည်ဟု KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

KIA သတင်းရင်းမြစ်တစ်ခုကလည်း ယနေ့ ည​နေ ၅ နာရီ ၄၅မိနစ်အချိန်ခန့် ကချင်ပြည်နယ်၊ဗန်း​မော်မြို့တွင်းအ​ခြေစိုက်တပ်စွဲထား ​သော လေ​ကြောင်း တပ်စခန်းနှင့် ​လေတပ်စခန်းအနီးရှိ အမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ အမြှောက်တပ်အတွင်းထားရှိသော အမြှောက်တင်စစ်ကား တစ်စီး ​ပေါက်ကွဲမီး​လောင်းပျက်စီးသွားကြောင်း၊ စစ်သားထိခိုက်သေဆုံး မှုများလည်းရှိ​နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့ပေါ်တွင် လှည့်လည်နေသော တင့်ကားများ။

Photo -AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article