33 C
Yangon

သရက်ချောင်းတွင် စစ်ကား ၃ စီးမိုင်းဆွဲခံရပြီး ၅ ဦးသေဆုံး၊ ချောင်းဦးနှင့် စစ်ကိုင်းတွင် ပျူစောထီးအဖွဲ့များ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်ကား ၃ စီး မိုင်းဆွဲခံရပြီး ၅ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ထားဝယ်ဘက်မှ ပုလောသို့ ဆင်းလာသည့် စစ်ကား ၃ စီးပါ ယာဥ်တန်းကို ရငဲရွာနှင့် ကတွဲရွာ အကြား လမ်းပိုင်း တစ်နေရာတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ပုတီးတစ်လုံးအဖွဲ့၊ ဂဠုန်မင်းအဖွဲ့၊ ကျားရိုင်းအဖွဲ့တို့ ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကတုတ်ကျင်းအတွင်း ကင်းပုန်းဝပ်နေသည့် ပျူစောထီးများ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက နယ်မြေလုံခြုံရေး ကင်းလှည့်နေစဥ် ကံကြီးကုန်းရွာမှ ပျူစောထီးများ ကတုတ်ကျင်းအတွင်း ကင်းပုန်းဝပ်နေရာမှ ထွက်လာစဥ် ပစ်ခတ် တိုက်ခိုက်ခံရပြီး ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ၊ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း နှင့် Chaung U Revolution Army (CRA) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မလဲတောရွာရှိ ပျူစောထီးများ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နယ် မလဲတောပျုစောထီးရွာရှိ ပျူသောထီးအဖွဲ့ဝင်များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၆၀ မမ၊ ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်ကြောင်းသုံးကြောင်းခွဲကာ ပျူစောထီး ခေါင်းဆောင် နေအိမ်ကိုအဓိက ထားပြီး အနီးကပ် တိုက်ခိုက်ခဲ့ကာ ပျုစောထီး အဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s Army To Fight Dictatorship (PAFD)၊ Young Wolf(L.P.D.F)၊Phoenix (SGG)၊ TAUNGTHA People Defense Force (TTAPDF) ၊(PAFDတပ်ခွဲ) DK PDF(MMU)၊ People’s Knight Defence Force(PKDF) D.B.B.F-MMU စသည့် မဟာမိတ် အဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အာဏာရှင် စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD)က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article