ရန်ကုန်၊ နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရွှေဘိုမြို့နယ်မှ ပေါင်းလဲကုန်း၊ လက်ပံကြီး၊ နှဲတွင်း၊ ဆီဆုံလေးနှင့် လိပ်ရကုန်းကျေးရွာများ မီးရှို့ခံရပြီး အိမ်ခြေ ၂၀၀ နီးပါး မီး လောင် ပြာကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုကြသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ နှင့် ၁၉ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ခင်ဦး မြို့နယ်၊ ပေါင်းလဲကုန်းကျေးရွာမှ တစ်ရာကျော်ကိုလည်းကောင်း၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ လက်ပံကြီးကျေးရွာမှ အိမ်ခြေ ၅၀ ကျော်ကို လည်းကောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့ နှဲတွင်းကျေးရွာမှ အိမ်ခြေ ၁ လုံး၊ နိုဝင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့ တွင် ခင်ဦးမြို့နယ်၊ ဆီဆုံ လေး ကျေးရွာမှ နေအိမ် ၈ လုံးခန့်ကိုလည်းကောင်း၊နိုဝင်ဘာလ ၂၀ ရက်နေ့ ရွှေဘို မြို့နယ်၊ လိပ်ရကုန်းကျေးရွာမှ အိမ်ခြေ ၃၀ ကျော်ကိုလည်း ကောင်း စုစုပေါင်း အိမ်ခြေ ၂၀၀ နီးပါးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။
“အခု ခင်ဦးမှာ စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်နေတာ။ ခင်ဦးတောင် ဘက် စစ်ကြောင်းက လက်ပံကြီးကျေးရွာကို ဖျက်ဆီးတယ်။ ခင်ဦးမြောက် ဘက်စစ်ကြောင်းက ဆီဆုံလေးကျေးရွာကို ဖျက်ဆီးတယ်။ တစ်နေကုန် ရွာစဉ် ဖျက်ဆီး မီးရှို့နေကြတာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ခင်ဦးမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယခု အောက်တိုဘာလအထိ မီးရှို့ခံရသည့်ရွာ ၄၇ ရွာ၊ လူနေအိမ် ၁၈၅၆ လုံး မီးလောင် ပြာကျ ခဲ့ရကြောင်း၊ စစ်တပ်က ပြည်သူနှင့် PDF ရဲ ဘော် ၂၁၈ ဦးကို သတ်ဖြတ်ခဲ့ပြီး ၁၄၃ ဦးကို ဖမ်းဆီးထောင်ချခဲ့ကြောင်း သိရှိ ရသည်။
ဓာတ်ပုံ- စစ်တပ်က နိုဝင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် မီးရှို့ဖျက်ဆီး သွားသော ပေါင်းလဲကုန်းကျေးရွာ။