28 C
Yangon

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့တွင် “မသောက်မိသော မိုးခါးရေ” ဇာတ်ကား ဆက် လက်ပြသနေပြီး ရုံအပြည့် ကြည့်ရှုသူများပြား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

အင်္ဂလန်နိုင်ငံ Manchester မြို့တွင် “မသောက်မိသောမိုးခါးရေ” တော်လှန် ရေး ရန်ပုံငွေ ဇာတ်ကားကို ဆက်လက် ပြသနေပြီး ရုံပြည့်ရုံလျှံဖြင့် ကြည့်ရှု သူ များပြားလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ရုပ်ရှင်ပြပွဲကို NUG အမျိုးသားညီညွတ်ရေး အစိုးရ စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဒေါ်ခင်မမမျိုး၊ NUG UK ဆိုင်ရာ ကိုယ်စားလှယ် ဦမောင်မောင်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေး ရန်ပုံငွေပွဲ တက်ရောက်လာသူများကို မုန့်ဟင်းခါးနှင့် အုန်းနို့ ခေါက်ဆွဲများ အခမဲ့ ကျွေးမွေးခဲ့ကြောင်း၊ လက်မှတ်ရောင်းချခြင်း ဈေးရောင်း ခြင်းနှင့် အလှူငွေ ကောက်ခံခြင်းတို့မှ စုစုပေါင်း အလှူငွေ စတာလင်ပေါင် တစ် သောင်းနီးပါး ရရှိခဲ့ကြောင်း၊ ရရှိခဲ့သော ပိုက်ဆံများကို မိုးခါးရေ ရုပ်ရှင် ပြသရေး ကော်မတီမှတဆင့် လိုအပ်သောနေရာများသို့ ထောက်ပို့လုပ်ငန်းများ ပြုလုပ် သွား မည် ဖြစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article