35 C
Yangon

မန္တလေးမှာ စစ်တပ်က ဖျက်ဆီးမှုကြောင့် အိုးအိမ်မဲ့ဖြစ်ရသည့် ပြည်သူ ထောင် ချီ ညအချိန် လမ်းဘေး နဲ့ မြေကြီးတွေပေါ်မှာ ဖြစ်သလို နေရ၊ ကလေး တွေက ငို၊ အမေကြီးတွေရဲ့ လုံချည် တွေမှာ မျက်ရည်တွေ ရွှဲစို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ဋ ရပ်ကွက်နှင့် ချမ်းမြသာစည် အောင်ပင် လယ် ဘက်ရှိ အိမ်ခြေ ၁၂၀၀ နီးပါးကို ယနေ့ စစ်တပ်က အင်အားသုံး ဖျက်ဆီး ခဲ့ပြီးနောက် အိမ်ဖျက်ခံရသော ပြည်သူထောင်ချီ၍ လမ်းဘေးနှင့် မြေကြီး ပေါ် တွင် ဖြစ်သလို နေထိုင်နေရကြောင်း၊ နေစရာအိမ်နှင့် သွားစရာ နေရာ မရှိ တော့ ၍ အိမ်ဖျက်ခံရသည့်နေရာ မနီးမဝေး လမ်းနှင့်မြေကြီးပေါ်တွင် ဖြစ်သလို နေနေရသည်ဟု ဒေသခံများက ပြောသည်။

“ကလေးတွေကလည်း ငို။ အမေကြီးတွေရဲ့ လုံချည်တွေမှာလည်း မျက်ရည်တွေ ရွှဲစိုနေပြီ။ အခုအိပ်ဖို့တောင်မြေကြီးပေါ်မှာ အဝတ်ခင်းပြီး အိပ်ကြမယ်။ မီးမရှိ ဘာမရှိနဲ့။ မနက်ဖြန်လည်း ဖျက်ဦးမယ်တဲ့။ ပြည်ကြီးတံခွန် မန္တလေး ၄၉ လမ်း အရှေ့ ဖက် ဇီးအုပ်ကွက်သစ် အမှတ် ၉ မှာ ဖြစ်နေတာပါ။ လမ်းတွေပေါ်မှာ လူ ၂၀၀၀ လောက်ရှိမယ်။ အမိုး အကာလည်းမရှိတော့ဘူး။ အမှောင်ထဲမှာပဲ။ သွား စရာ လည်းနေရာမရှိဘူး။ နေစရာလည်းအိမ်မရှိတော့ဘူး။ ဘူဒိုဇာနဲ့ဖြိုချတော့ ဘာပစ္စည်းမှလည်းမရလိုက်ဘူး” ဟု မန္တလေးဒေသခံတစ်ဦးက ပြောဆိုသည်။

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဋ ရပ်ကွက် အပိုင်း ၉ ရပ်ကွက်နှင့် ချမ်းမြ သာ စည်မြို့နယ်၊ အောင်ပင်လယ် ဘက်ရှိ နေအိမ် ၁၂၀၀ နီးပါးကို ယနေ့ စစ် တပ်က ဘူဒိုဇာများဖြင့် ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ် ဋ ရပ်ကွက်၊ အပိုင်း ၉ တစ်ခုလုံးရှိ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ကို ဘတ်ဟိုး ၂ စီးဖြင့် ဖျက်ဆီး သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွတ် အပိုင်း ၉ တရပ်ကွက်လုံး ဘတ်ဟိုးနှစ်စီး နဲ့ နောက်ထပ် တစ်ကြိမ် လာ ဖျက်ဆီးနေပြီ။ ရပ်ကွက်လူကြီးက မဖျက်ပါဘူး ဆိုပြီး အနောက်ကနေ ဘတ်ဟိုးတွေနဲ့ အကုန် ဖျက်ဆီးလိုက်လို့ ဘာပစ္စည်းမှ မရလိုက်ပါဘူး။ အိမ်ခြေ တစ်ထောင် ခန့် တော့ ရှိပါတယ်။ စားဝတ်နေရေး မပြေ လည်တဲ့ ကြားက ခုလိုလုပ်တော့ ကုန်းကောက် စရာမရှိတော့ဘူး” ဟု ဒေသ ခံတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ဘက်မှ နေအိမ် ရာချီကို စစ်တပ်က ယနေ့ ဘူဒို ဇာ ဖြင့် ဖျက် ဆီးနေကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင် လယ် ၅၁ လမ်း ချောင်းဘေး တစ် လျှောက်နှင့် မဟာဓာတ် အားလိုင်း အနီးရှိ နေအိမ် များစွာကို ချက်ချင်း ဖျက်သိမ်းကြပြောဆိုပြီးနောက် ယနေ့ နံနက်ပိုင်း တွင် နေအိမ်များကို ဖျက်ဆီးနေခြင်းဖြစ်သည်ဟု သိရှိရသည်။

ထို့ပြင် ၅၅လမ်း၊ ၅၄လမ်း၊ ၅၃လမ်း၊ ၁၀၇ လမ်းဘက်များကိုလည်း စည်ပင်၊ စစ်တပ်နှင့်ရဲများက မြေတိုင်း နေကြကြောင်း၊ စစ်ကောင်စီက မည်းမည်းမြင်ရာ လိုက်လံ ဖျက်ခိုင်းနေသည့်ပုံစံရှိကြောင်း၊ အိမ်များကို ဖျက်ရာတွင် စစ်တပ်က လက်နက်အပြည့်အစုံဖြင့် စောင့်ကြည့်ပြီး လူအုပ်စုဖြင့် စုဝေးလာလျှင် ခြောက် လှန့် သေနတ်ပစ်ဖောက်မှုများ လုပ်ဆောင်သည်ဟု ဒေသခံများကဆိုကြသည်။

ဓာတ်ပုံ- မန္တလေးတွင် ယနေ့ စစ်တပ်က ဖျက်ဆီးလိုက်၍ အိမ်ခြေယာမဲ့ ဖြစ် သွားကြရသည့် ပြည်သူများ၏ မြင်ကွင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article