ရန်ကုန်၊ နိုဝင်ဘာ ၂၆
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညောပြင်ရွာတွင် စိတ်ရောဂါ ခံစားနေရသူ ၁ ဦးနှင့် ပြည်သူ ၁ ဦး ကို စစ်တပ်က အကြောင်း မဲ့ ဖမ်းဆီး ပစ်သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အင်အား ၄၀ ကျော်ခန့်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ညောပြင်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဒေသခံ ပြည်သူများကို ကျေးရွာ သင်္ချိုင်း သို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် ပြည်သူများကို PDF စခန်း ရှိ၊ မရှိ ရိုက် နှက် စစ်ဆေးမေးမြန်းပြီးနောက် စိတ်ရောဂါ ခံစားနေရသည့် ဦးလေးဝါစားနှင့် ကိုကျော်စိုး တို့ကို အကြောင်းမဲ့ ပစ်သတ်သွားကြောင်း သိရသည်။
ထို့နောက် စစ်တပ် စစ်ကြောင်းက ပြည်သူပိုင် နေအိမ်များကို စိတ်ကြိုက်မွှေနှောက်ပြီး တန်ဖိုးကြီး ပစ္စည်းများကိုလည်း ခိုးယူ လုယက်သွားခဲ့သွားကြောင်း သိရသည်။