29 C
Yangon

ထီးချိုင့်မြို့နယ်၊ ဆူးပုတ်ချောင်ကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု အိမ်ခြေ ၁၀၀ ကျော် ပြာကျ၊ ပြည်သူများ ထွက် ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဆူးပုတ်ချောင်ကျေးရွာကို စစ်တပ်က ယမန်နေ့ ညနေပိုင်း မီးတင်ရှို့ လိုက်သဖြင့် အိမ်ခြေ ၁၀၀ ကျော်ပြာကျသွားကြောင်း ဒေသ ခံ ပြည်သူများနှင့် ဒေသသတင်းရင်းမြစ် Tigyaing Revolution -TR က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်တပ်၊ ပျူစောထီးနှင့် SNA တပ် စုစုပေါင်း အင်အား ၂၀၀ ကျော်က ဆူးပုတ်ချောင်ကျေးရွာကို ဝင် ရောက် မီးရှို့ ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“အိမ်ခြေ ၅၀ ရှိရင် ၁၀ အိမ်ပဲကျန်ပါတယ်။ စစ်ခွေးတွေ ရွာနားရှိတော့ ဓာတ်ပုံ ရိုက်မရသေးပါဘူး” ဟု Tigyaing Revolution -TRက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ဆူးပုတ်ချောင်ကျေးရွာမှ ပြည်သူတစ်ဦးကမူ “ထီးချိုင့်မြို့နယ် အလယ် တော တိုက်နယ် ဆူးပုတ်ချောင် ရွာကို အကြမ်း ဖက် စခ ရခ ပျု အင်အား နှစ်ရာ ကျော် က မီးရှို့ ဖျက်ဆီးတယ်။ အိမ်ခြေ တစ်ရာကျော် မီးလောင်ကျွမ်းခဲ့ ရပါ တယ်။ ရွာမှာရှိတဲ့ သက်ကြီးရွယ်အိုနှင့် ကလေးငယ်တွေ၊ ပြည်သူတွေ အား လုံး ဘေးလွတ်ရာ ရွာတွေနဲ့တော တောင်တွေထဲ ထွက်ပြေး တိမ်း ရှောင် နေရပါ တယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဆူးပုတ်ချောင်ကျေးရွာသည် ထီးချိုင့်မြို့နှင့်အနီးဆုံးနေရာတွင် တည်ရှိသည့် ကျေးရွာဖြစ်ပြီး စစ်တပ်က ထီးချိုင့်မြို့ အနီးအနားရှိ ကျေးရွာများကို တောက် လျှောက်ဆိုသလို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရ သည်။

ဓာတ်ပုံ- ထီးချိုင့်မြို့နယ်တွင် ယမန်နေ့ စစ်တပ်က မီးတင်ရှို့နေသည့် ဆူးပုတ် ချောင် ကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article