38 C
Yangon

စစ်ဘက်နှင့်အရပ်ဘက် ဝန်ထမ်းများခွင့်ပြုချက်မပါဘဲ နယ်ကျော်သွားလာ၍ PDF အဖမ်းခံရလျှင် တာဝန်မယူသည့်အပြင် အရေးယူမည်ဟု စစ်ကောင်စီက သတိပေး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသာ စစ်ဘက်နှင့်အရပ်ဘက် ဝန်ထမ်းများ ခွင့်ပြုချက်မပါဘဲ နယ်ကျော်သွားလာ၍ PDF အဖမ်းခံရလျှင် တာဝန်မယူသည့်အပြင် အရေးယူမည် ဟု စစ်ကောင်စီက ရုံးတွင်းအမိန့်များဖြင့် သတိပေးထားကြောင်း နေပြည်တော်သတင်းရပ်ကွက်ထံမှ သိရှိရသည်။

ပထမ မူလ အမိန့်အဖြစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဝန်ထမ်းများ ခရီးမသွားရန်နှင့် ခရီးသွားမည် ဆိုလျှင် လိုက်နာရမည့် အချက်များကို ထုတ်ပြန်ခဲ့ကြောင်း၊ ပထမအချက်အနေဖြင့် စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းများအားလုံး တာဝန်ဖြင့် မဖြစ်မနေ ခရီးသွားရမည်ဆိုပါက ယူနီဖောင်းဖြင့် တရားဝင် သွားသော ခရီးများတွင် စစ်တပ်၊ ရဲ အစောင့်အရှောက်များကို မဖြစ်မနေ တောင်းခံပြီးမှသာ ခရီးသွားလာရန်၊ ဒုတိယအချက်အနေဖြင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကြောင့် မဖြစ်မနေ သွားရမည့် ခရီးများတွင် ပြင်ပ အဝတ်အစား ဝတ် ဆင်ရန်၊ ဝန်ထမ်းကတ်များ၊ ဝန်ထမ်း ဖြစ်ကြောင်း သိရှိနိုင်သည့် မည်သည့်အထောက်အထားမှ ယူ ဆောင်ခြင်းမပြုရန်၊ ဖုန်းများအတွင်း တွင် ဝန်ထမ်းဖြစ်ကြောင်း သက်သေခံနိုင်သည့် ဓာတ်ပုံနှင့် မှတ် တမ်းမှတ်ရာများ ထည့်သွင်းထား ခြင်းမပြုရန် ညွှန်ကြားခဲ့သည်။

ယခုအခါ စစ်ကောင်စီ၏ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ခရီးသွားလာမှုကြောင့် စစ်ဘက်နှင့် အရပ်ဘက် ဝန်ထမ်းများ အဖမ်းခံရခြင်းနှင့် အသတ်ခံရခြင်းများရှိလာသည့်အပြင် ကူညီကယ် ဆယ်ရေး အကူအညီတောင်းမှုများ ရှိလာကြောင်း သိရှိရသည်။

“ဝန်ထမ်းတွေ နယ်ကျော်သွားလာလို့ အဖမ်းခံရတာ၊ ယာဥ်တန်းနဲ့ မသွားတာ၊ အထက် လူကြီး ခွင့်ပြုချက်မရရှိဘဲသွားလာတာဆိုရင် ဖမ်းဆီးခံရပါက တာဝန်ယူမယူဘဲ အရေးယူခံရမယ်။ ဆိုလို တာက တာဝန်မယူတဲ့အပြင် ပြန်လွတ်ရာတောင် အရေးယူဦးမယ်ဆိုတဲ့သဘောပေါ့” ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ယာဉ်မောင်းလိုင်စင်များတွင် စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းများ၊ အရာရှိများအနေဖြင့် ဝန်ကြီးဌာနဆိုင်ရာ ရာထူးများ ဖော်ပြထားမှုများကို ဖြုတ်ပယ်ပြီး အရပ်သားအဖြစ် ပြန်လည် ပြောင်း လဲဖော်ပြရန်လည်း စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article