29 C
Yangon

ဆားလင်းကြီး၊ ထန်းဇင်ရွာကို စစ်တပ်က ရွာလုံးကျွတ် နီးပါး မီးတင်ရှို့နေပြီး PDF ရဲဘော် ၂ ဦး ဖမ်းဆီးခံထားရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းဇင်ရွာကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် နီးပါး မီးတင်ရှို့ နေပြီး PDF ရဲဘော် ၂ ဦးကို ဖမ်းဆီးထားကြောင်း မျိုးဆက်သစ် လူငယ် Local PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ ခန့်တွင်အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က တိုက်ပွဲအနီးအနားရှိ ထန်းဇင်ကျေးရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

” တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေ အထိနာလို့ အနီးအနားကရွာကို သေနတ်တွေ ပစ်ဖောက်ပြီး စီးနင်း မီးရှို့နေတာ မီးများတယ်။ ရွာလုံးကျွတ်နီးပါးရှို့နေတာ ဒေသခံ ပြည်သူတွေကတော့ ရွာလုံးကျွတ်ပြေးနေရတယ်။ နောက်ဆုံးသိရတဲ့ သတင်းအရ PDF ရဲဘော် ၂ ဦး ဖမ်းဆီးခံထားရတယ်” ဟု မျိုးဆက်သစ် လူငယ် Local PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article