28 C
Yangon

သရက်ချောင်းတွင် အလောင်းလာကောက်သည့် စစ်ကား ၂ စီးကို PDF တပ်ဖွဲ့က မိုင်းဆွဲခဲ့ပြီး စစ်သား ၄ ဦးသေဆုံး၊ မော်လိုက်မြို့တွင်လည်း စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ဗိုလ်မှူး ဝင်းဌေးနိုင် အလောင်းလာကောက်ပြီး ပြန်လာသည့် စစ်ကား ၂ စီးကို PDF တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် သရက်ချောင်းမြို့နယ် ဝဲရစ်ရွာထိပ်၌ ဘုတ်ပြင်မှ ဗိုလ်မှူး ဝင်းဌေးနိုင် အလောင်းလာကောက်ပြီး ပြန်လာသည့် စစ်ကား ၂ စီးကို ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ကာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် T.Y.C ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့၊ ကျားရိုင်းပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်း​အဖွဲ့ အဖြူရောင်ရိန်းဂျားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း မော်လိုက်မြို့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မော်ကူးရွာဘက်သို့ အင်အား ၃၀ ခန့်ဖြင့ တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း မော်ကူးရွာဘက်သို့ အင်အား ၅၀ ခန့်ဖြင့် တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article