28 C
Yangon

ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူ ၄ ဦးထက်မနည်း စစ်တပ်က ဖမ်းဆီးထား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူ ၄ ဦးထက်မနည်း စစ်တပ်က ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဆင်အင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲပိုင်းတွင် မအူပင်ရွာကို ထပ်မံ မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်အင်းရွာအတွင်း ဝင်ရောက်လာစဥ် ဒေသခံ ပြည်သူ ၄ ဦးကို စတင် ဖမ်းဆီးခဲ့ပြီး ထပ်မံ ဖမ်းဆီးခံရသည့် ပြည်သူများလည်း ရှိ​ကာ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်း မြင်းဇီးရွာဘက်က ထွက်လာတဲ့အချိန် တိုက်ပွဲက ရွာအနောက်ဘက်မှာ ဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီး သိပ်မကြာဘူး။ ဆင်အင်းရွာကို မီးရှို့တော့တာပဲ ဒေသခံ ပြည်သူ ၄ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်။ ဆင်အင်းနဲ့ မအူပင် ၂ ရွာလုံးကို စစ်ခွေးတွေက မီးတင်ရှို့နေတာ ဖမ်းခံရတဲ့ သူကများပါတယ်။ ၄ ဦးထက်ပိုပါတယ်။ ရွာထဲ ဝင်ဝင်ချင်း ဒေသခံ အမျိုးသား ၄ ဦးကို အရင်စဖမ်းတယ်လို့ သိထားရတယ်”ဟု ရွှေဘိုခရိုင် သတင်းစုံအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article