36 C
Yangon

ခင်ရီ ၏ လုံခြုံရေးစီမံချက်အရ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ကြံ့ဖွတ်ပါတီဝင်များဖြင့် စတင် အစားထိုးနေ ၊ မင်္ဂလာဒုံမြို့နယ်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၁၄ ဦးကို ရာထူးမှ ထုတ်ပယ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်းအတွင်းတွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ကြံ့ဖွတ် ပါတီဝင်များဖြင့် အ စားထိုးရန် စတင်လုပ်ဆောင်လျက်ရှိနေရာ ယနေ့တွင် မင်္ဂလာဒုံမြို့နယ်မှ အုပ်ချုပ်ရေးမှူး ၁၄ ဦးကို အကြောင်းပြချက်မရှိ ရာထူးမှ အပြီးသတ် ဖြုတ်ပယ်ပြီး ကြံ့ဖွတ်ပါတီဝင်များကို အစားထိုး ခန့်အပ် လိုက် ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူး အောင်မြင့်ကြိုင်က ရပ်ကွက် အုပ်ချုပ် ရေးမှူး ၁၄ ဦးကို ရာထူးမှ ဖယ်ရှားပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အစားထိုးထားသည့် ကြံ့ဖွတ် ပါတီ ဝင်များကို အုပ်ချုပ်ရေးမှူး တာဝန်လွှဲပြောင်းရန် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားစာ ထုတ်ပြန် သည်။

မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက် ၂၇ ခု၊ ကျေးရွာအုပ်စုပေါင်း ၅ ခု စုစုပေါင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၃၂ ခုရှိရာမှ ရပ်ကွက်နှင့်ကျေးရွာ ၁၄ ခုမှ အုပ်ချုပ်ရေးမှူးများကို ရာထူးမှ ဖယ်ရှား၍ ကြံ့ဖွတ်ပါတီဝ င်များဖြင့် စတင်အစားထိုး ခြင်းဖြစ်သည်။

မင်္ဂလာဒုံ မြို့နယ်စစ်ကောင်စီက ကြံ့ဖွတ်ပါတီဝင်များဖြင့် အစားထိုးရန် အနားပေးလိုက်သည့် အုပ် ချုပ် ရေးမှူးများမှာ –

၁- ထောက်ကြန့်တိုးချဲ့ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဝင်းမြင့် (အနားပေး)

၂- ထောက်ကြန့်တောင်ပိုင်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ရဲတင့် (အနားပေး)

၃- ပဲခူးလမ်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင် (အနားပေး)

၄- ထောက်ကြန့်မြောက်ပိုင်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး အောင်စိုးရီ (အနားပေး)

၅- ရွာမပိုင်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး မိုးအောင် (အနားပေး)

၆- နွယ်ခွေကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး သန်းထွန်း(အနားပေး)

၇- ပြန်လည်နေရာချထားရေးရပ်ကွက်မှ အုပ်ချုပ်ရေးမှူး သက်ခိုင်ဦး (အနားပေး)

၈- တောတိုက်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ထွေးမောင်မြင့် (အနားပေး)

၉- စမ်းကြီး၀ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး မြင့်ကျော် (အနားပေး)

၁၀- အမှတ် ၃ (ခ) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး မြင့်အောင် (အနားပေး)

၁၁- ချစ်တီးကုန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ရဲမင်းထွန်း (အနားပေး)

၁၂- အနန်းပင်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဝင်းတင် (အနားပေး)

၁၃- ကြံခင်းစု ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး စိုးဝင်း (အနားပေး)

၁၄- ပေါက်ကုန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး စိုးအောင်( အနားပေး) တို့ဖြစ်ကြောင်း သိရှိရသည်။

ကြံ့ဖွတ်ပါတီဝင်များကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်ခြင်းမှာ ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီ ရေးဆွဲထားသော လုံခြုံရေးစီမံချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီက ပါတီဝင်များ၏ လုံခြုံရေးအတွက် စီမံချက်များ ရေးဆွဲ ထားပြီဖြစ်ကာ မျက်ရည် ကိုသုတ်၊ ဓားကို ဆုပ်ပြီး ရှေ့တစ်လှမ်းတိုးရ မည် ဟု ပြောဆိုပြီးနောက် အောက်ခြေ ရပ်ကွက် အုပ်ချုပ် ရေးယန္တရားကို ကြံ့ဖွတ်ပါတီ ဝင်တချို့ဖြင့် အစားထိုးလာခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article