36 C
Yangon

စမ်းချောင်း ဂွဈေးအနီး အမိူက်ပုံးထဲတွင် ဗုံးတွေ့၍ စစ်တပ်က လမ်းပိတ် ဖောက်ခွဲ၊ ရန်ကုန်ညောင်ပင်လေးစျေး ဧရာ၀တီဘဏ်ခွဲ ဓားပြတိုက်ခံရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဂွစျေးအနီး၊ ဗဟိုလမ်းနှင့်ပုသိမ်လမ်းထိပ်ရှိ စည်ပင်အမှိုက်ပုံးထဲတွင် ယနေ့ ညနေပိုင်း ဗုံးတွေ့ရှိရပြီး စစ်တပ် က လမ်း ပိတ် ဖောက်ခွဲလိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီခွဲအချိန်တွင် စည်ပင်ဝန်ထမ်းတစ်ဦးက ဗုံး စတင် တွေ့ရှိခြင်းဖြစ်ပြီး စစ်တပ်ကို အကြောင်းကြားကြောင်း၊ ယင်းနောက် အကြမ်းဖက်စစ်တပ်နှင့်ရဲများ ရောက်ရှိလာကာ လမ်းပိတ်ဆို့ကာ ဖောက်ခွဲ လိုက် ကြောင်း သိရှိရသည်။

“စည်ပင်ဝန်ထမ်းက ဗုံးတွေ့တာ ဒီညနေ ၇ခွဲလောက်က။ ဟိုကောင်တွေရောက် လာပြီး လမ်းပိတ် ဖောက်ခွဲလိုက်တာ အသံအတော်ကျယ်တယ်။ စစ်ခွေးတွေက ဘယ်သူမှထွက်မကြည့်ခိုင်းဘူး။ အောက်ကနေအော်ဟစ်နေတာ။ဘာလို့ထွက် နေ တာလဲ တက်လာခဲ့ရမလား ဆိုပြီး တကယ်ဆိုဗျာ လူကြီးသူမတွေ ရှိတယ် လေ။ သူတို့တွေ့တယ်ဆိုတဲ့အမိူက်ပုံထဲကနေတောင် လမ်းပေါ် ဗုံးရွှေ့ သေး တာ ပဲ။ လွတ်ရာသွားဖေါက်လည်းရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ရန်ကုန်တိုင်း၊ လသာမြိုနယ်၊ညောင်ပင် လေးစျေးရှိ၊ ဧရာဝတီဘဏ်ခွဲ အမှတ် ၃၇ တွင် ဓားပြတိုက်မှု တစ်ခုဖြစ်ပွားပြီး ငွေကျပ် သိန်း ၁၀၀ ဝန်းကျင်ပါသွားသည်ဟု ဧရာ၀တီဘဏ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ဓားကိုင်ထားသော လူ ငယ် တစ်ဦးက ဘဏ်အတွင်းဝင်ရောက်၍ ငွေများ ဓားပြတိုက်လု ယက်သွား ခြင်းဖြစ်ပြီး ခြေလျင် ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ CCTV မှတ်တမ်း များ ကို ရဲနှင့်စစ်တပ်က သိမ်းဆည်းထားသော်လည်း ငွေလုယက် ဓားပြတိုက် သူကို ဖမ်းမိခြင်းမရှိကြောင်း သိရှိရသည်။

“လုယက်မှုဖြစ်တာမှန်ပေမယ့် လာတဲ့လူက တစ်ဦးတည်း ခြေလျင် ထွက်ပြေး သွားတာ။ မမိလိုက်တာ။ တကယ်တော့ မနေ့ကတည်းက ပန်းဆိုးတန်သင်္ဘော ဗုံးကွဲလို့ ညောင်ပင်လေးစျေးမှာ ကင်းပုန်းတွေ အများကြီးရှိတယ်။ အဲဒါကို ဓား ပြ တိုက်မှုဖြစ်တာဆိုတော့ စဉ်းစားစရာတွေများတာပေါ့” ဟု ညောင်ပင် လေး စျေးမှ ကုန်ထမ်း အလုပ်သမား တစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ယမန်နှစ် စမ်းချောင်းဂွစျေးအနီးတွင် လုံခြုံရေးယူနေသော အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article