36 C
Yangon

ပခုက္ကူမြို့စစ်တပ်ဂိတ်ကို PDF ဝင်တိုက်ခိုက်မှု စစ် သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ပခုက္ကူတက္ကသိုလ်နှင့် ခြောက်ကန်ကျေးရွာကြားရှိ အကြမ်း ဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်အပါအဝင် ခဲယမ်းနှင့်ဆက်စပ်စ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Earthquake People Defense Force က ရန်ကုန် ခေတ်သစ်သို့ ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် Earthquake People Defense Force အဖွဲ့က စစ် ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်သား ၄ ဦးကို ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးနေရာမှာပင်ပွဲချင်း ပြီး သေဆုံးပြီး အပြင်း အထန်ဒဏ်ရာဖြင့် တစ်ဦးကျန်နေခဲ့ကြောင်း သိရသည်။

“ဒီကောင်တွေက ၄ ကောင်ဆိုပေမယ့် သေနတ် ၃ လက်ပဲရှိတာ၊ ဝင်ပစ်တဲ့ အချိန်မှာ ၃ ကောင်ပွဲချင်းပြီး သေတယ်၊ တစ်ကောင်က အကာအကွယ်နေရာ ကနေ ပြန်ပစ်နေတာပေါ့၊ အဲဒီပစ်နေတဲ့ကောင်က လည်း ဒဏ်ရာအပြင်း အထန် နဲ့ ကျန်ခဲ့တာ၊ သူ့ဆီက သေနတ်ရဖို့ ကြိုးစားတဲ့အချိန်မှာ ပခုက္ကူကနေ ခွေးတွေ အလုံးအရင်းနဲ့တက်လာလို့ ပြန်ဆုတ်လာခဲ့လိုက်တာ” ဟု Earthquake People Defense Force တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနကို ပြောကြားသည်။

ယင်းတိုက်ခိုက်မှုအပြီး MA3 သေနတ်တစ်လက်၊ အူစီ တစ်လက်၊ G3 ကျည် အတောင့် ၅၀၀ ၊ G3 ကျည်ဘောက် ၂ ခု၊ လက်ထပ် ၊ ဆက်ကြေး ကောက်ခံ ရရှိသော စာအုပ် တစ်အုပ်၊ မှတ်ပုံတင်၊ ဖိနပ်၊ ဦးထုပ်၊ ငွေသား ၃ သိန်း၊ လက် ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article