33 C
Yangon

ဘုတလင်မြို့နယ်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ထန်းတောကြီးကျေးရွာတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ-န၊မ၊ခ)တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ ညပိုင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ဘုတလင်မြို့နယ်နယ်အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်စဉ် ထန်းတောကြီး ကျေးရွာအတွင်းသို့ စစ်တပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦးထိမှန်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

“အမျိုးသား ၂ ယောက် လက်နက်ကြီးကျည် ထိပြီး ဆုံးသွားတယ်၊ပြီးတော့ ဒဏ်ရာရတဲ့လူ တွေလည်းရှိတယ်၊တိုက်ပွဲဖြစ်တာမရှိပါဘူး” ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအ ဖွဲ့၀င်က ပြောဆိုသည်။

စစ်တပ်၏ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများတွင် လက်ဖြတ်ရသည်အထိ ဒဏ်ရာ ပြင်းထန်သူများလည်း ပါဝင်ကြောင်း ၊ ဘုတလင်နယ် ကွမ်းခြံ၊စလွန်း စသည့် ကျေးရွာများတွင် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦးအပါအ၀င် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article