29 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများနှင့် သထုံ ၊ ဘားအံ မြို့နယ်ရှိ ရွာများကို စစ်တပ် လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး၊ စစ်တပ်က ထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂၆

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဧပြီလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပဒဲကောကျေးရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့တွင် ဘောကထာ ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲခြင်းကြောင့်၏ နေအိမ်များထပ်မံ မီးလောင် ပျက်ဆီးခဲ့ကြောင်း သိရသည်။

ဧပြီလ ၈ ရက် ၊ ၁၁ ရက် ၊ ၁၂ ရက်၊ ၁၄ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်၊ စောတီးရွာသား ဦးဝင်းနိုင်၊ ရေလဲ (ဗမာ) ကျေးရွာသား ဦးဇော်မင်းထွေးနှင့် စောတာစီ၊ နိုကူးကျေးရွာသား စောဒိုးဒိုထူး၊ အညာစုရွာသား ဦးမြင့်အေး၊ နိုကလော်ရွာသား စော်ဆဲနေကော်၊ နိုတောတာ ကျေးရွာသား စောမော်တောထူး တို့ အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်း နင်းမိပြီး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၂၂ ရက်နေ့ ည ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၉ ခြေမြန် တပ်ရင်းက သထုံမြို့နယ်၊ ဓနုကျေးနယ်ရှိ ရွာများကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ မရမ်းကျေးရွာအတွင်း လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ဦးရာဟု၏ နေအိမ် လက်နက်ကြီး ကျည်စ ထိမှန်ပျက်ဆီးခဲ့ကြောင်း၊ အလားတူ ဧပြီလ ၂၀ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ ဘားအံမြို့နယ်ရှိ ကျေးရွာများကို Y-12 လေယာဥ်ဖြင့် ည ၈ နာရီခွဲမှ ၉ နာရီ ၂၀ မိနစ် အထိ ဗုံးသီး ၁၇ လုံး ကျဲချခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဘားအံမြို့နယ်ရှိ ထီးနူရွာနေ အသက် ၁၂ နှစ်အရွယ် နော်ချေမူး နှင့် အသက် ၈၅ နှစ်အရွယ် ဖီးပန်းပု တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီလ ၁၈ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ ပိန္နဲတောတပ်စခန်းမှ သထုံမြို့နယ် မင်းလွင်ကျေးနယ်ရှိ ရွာများကို လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ပြီး ကား ၂ စီး ပျက်စီးခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article