33 C
Yangon

စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ကြောကို စစ်တပ်က စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးပြီး ကျေးရွာအများအပြား မီးလောင် ပျက်စီး

Must read

စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ကြောကို စစ်တပ်က စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးပြီး ကျေးရွာအများအပြား မီးလောင် ပျက်စီး

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ကြောကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးကာ ဟောင်ဝှစ်ဇာ၊ လေကြောင်းတို့ဖြစ် ပစ်ခတ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပကဖ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရ ပြီး ပြည်သူ့နေအိမ်အများအပြား ထိမှန်မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၅ ရက်နေ့ နံနက် ၅ နာရီကျော်အချိန် စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ကြောဘက်သို့ မင်းကွန်းကျေး ရွာမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သား ၁၅၀ ခန့်ရှိ စစ်ကြောင်းတစ်ကြောင်းကို ထုံးဘိုရွာအနီး မိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်း၊ ကားတစ်စီးထိမှန်ပြီး အပြန်အလှန်ပစ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထို့ပြင် မတ္တရာမြို့နယ်ဘက်ခြမ်းရှိ အကြမ်း ဖက်စစ်သားများကလည်း သံခွန် ၃ စီးဖြင့် စစ်ကိုင်းဘက်သို့ ကူးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံခွန်တစ်စီး မီး လောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“ထိတွေ့တိုက်ပွဲတွေမှာက ခွေးတွေသေဆုံးထိခိုက်ရှိတာ သေချာတယ်၊ ထုံးဘိုနားမိုင်းမိတာတော့ ၂ ကောင်ထိတယ်၊ သံခွန်ထိတာတော့ မသိရသေးဘူး၊ သေဆုံးထိခိုက်မှုရှိတာတော့သေချာတယ်။ အဲဒါ ကြောင့် လေကြောင်းနဲ့ တိုက်၊ ဟာင်ဝှစ်ဇာနဲ့ထုပြီး ပစ်အားနဲ့ စစ်ကြောင်းထိုးတက်လာတာ။ ဂျက် ဖိုက် တာနဲ့ ဗုံးကျဲလို့ ကပဖ ရဲဘော်တစ်ဦးပွဲချင်းပြီးဆုံး တယ်။ တစ်ဦးက ဆေးခန်းအပို့မှာ ဆုံးတာ။ ကျန်တဲ့ ရဲဘော် ၄ ဦး ဒဏ်ရာ ရတယ်။ ပထဝီအနေအထားအရ စစ်ကြောင်းဝင်ရင် ပြန်ကပ်လို့ မရတဲ့ရွာတွေ ဖြစ်နေလို့ ပြည်သူ အထိအခိုက် အကျအဆုံး၊ နေအိမ်ပျက်စီးမှုတွေက မသိရသေးဘူး” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မင်းဝံတောင်ရိုး တကြောရှိ ထုံးဘိုရွာ၊ အုတ်ဖိုရွာ၊ ချောင်းဦးရွာများမှာ မီးလောင်ပျက်စီးမှုရှိကြောင်း၊ မတ္တရာမြို့‌ဘော လုံးကွင်း၊ မတ္တရာမြို့နယ်၊ မြစ်ကမ်းဘေးရွာများဖြစ်သည့် ထုံးကြီးရွာ၊ သုံးဆယ်ပေးရွာတို့တွင် အ ကြမ်းဖက် စစ်ကောင်စီက တပ်စွဲကာ ဟောင်ဝှစ်ဇာလက်နက်ကြီးများတပ်ဆင်ထားပြီး ပစ်ခတ်နေ ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာ စစ်ကိုင်းမြို့နယ် တောင်ရိုး ပေါ်နှင့် တလိုင်းရွာထိပ်နားသို့ရောက်ရှိနေပြီး စဉ့်ကိုင်ရွာဘုရားပေါ်၌လည်း အကြမ်းဖက်စစ်သား အချို့ကျန်ရှိကြောင်း၊ မတ္တရာမြို့နယ်ဘက်မှလည်း ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်မှု များဆက်ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က ယခုရက်ပိုင်းအတွင်း မီးရှို့ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article