28 C
Yangon

မြိုင်၊ ကန်နီရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ပစ်ခတ် တိုက်ခိုက်၊ မိုးကောင်းမြို့ပြင်တွင် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

မကွေးတိုင်း၊ မြိုင်နယ်၊ ကန်နီရွာရှိ စစ်ကောင်စီ တပ်သားများကို MVRF တပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MVRF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် Myaing Villages Revolution Front – MVRF တပ်ဖွဲ့မှ ကန်နီရွာ အတွင်းရှိ အကြမ်းဖကိ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများ၊ Rocket များဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းသို့ တိုက်ခိုက်ခြင်းသည် ကန်နီရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် Myaing Villages Revolution Front – MVRF တပ်ဖွဲ့မှ သွားရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ် မိုးကောင်းမြို့ပြင်တွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း UG BLACK K အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်တွင် မိုးကောင်းမြို့ပြင်၌ စစ်ကားတစ်စီးနှင့် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကား ၅ စီးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစ်စီးထိုး ရပ်သွားစဉ် လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ ဘက်မှ အသေဆုံး ထိခိုက်ဒဏ်ရာစာရင်းကိုတော့ မသိရသေးကြောင်း UG BLACK K အဖွဲ့မှ တာဝန်ရှိသူတစ်ဦး ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းဘက်မှလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ အင်အားအလွန်များပြားခြင်းကြောင့် UG BLACK K တပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ ခဲ့နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article