36 C
Yangon

ရေဖြူတွင် စစ်ကား မိုင်းခွဲရသဖြင့် ခရီးသွားပြည်သူ မပန်းအိဖြူကို စစ်ကားဖြင့် တက်ကြိတ်သတ်၊ ငါန်းဇွန်နှင့်နတ်မောက်မှ ပြည်သူ ၇ ဦးကိုလည်းစစ်တပ်က သတ်ဖြတ်

Must read

ရေဖြူတွင် စစ်ကား မိုင်းခွဲရသဖြင့် ခရီးသွားပြည်သူ မပန်းအိဖြူကို စစ်ကားဖြင့် တက်ကြိတ်သတ်၊ ငါန်းဇွန်နှင့်နတ်မောက်မှ ပြည်သူ ၇ ဦးကိုလည်းစစ်တပ်က သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာလ ၂၈

တနင်္သာရီတိုင်း၊ ရန်ကုန်-ထားဝယ်ကားလမ်း၊ ရေဖြူမြို့နယ်တွင် မိုင်းဆွဲခံခဲ့ရ သည့် စစ်ကောင်စီယာဥ်တန်းက ခရီးသွားပြည်သူ မပန်းအိဖြူကို စစ်ကားဖြင့် တက်နင်းကြိတ်သတ် သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုကြသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် ရန်ကုန်-ထား ဝယ် ကားလမ်းပေါ် ကား ၁၄စီးခန့်ပါ စစ်ကောင်စီယာဥ်တန်းကို ညင်းထွေး ကျေးရွာ အနီးမိုင်းဆွဲမှုဖြစ်ပွားကြောင်း၊ ထို့နောက်က စစ်ကားတန်းက လမ်း တွင် တွေ့ရှိ သည့် ဆိုင်ကယ်စီးနေသူ မပန်းအိဖြူကို စစ်ကားဖြင့် နင်းကြိတ် သွား သဖြင့် ဦးခေါင်းကြွေမွပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“မိုင်းပေါက်တာ ငါးလုံးလောက်ရှိတယ်။ ပြီးတာနဲ့ သေနတ်သံတွေ ထွက် လာ တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကားဖြင့် တက်ကြိတ်မှုကြောင့် ဦးခေါင်းကြေမွှဒဏ်ရာဖြင့် သေဆုံးသူ အသက် ၂၀ကျော်အရွယ်ရှိ မပန်းအိဖြူသည် ဇီးကျရွာသူဖြစ်ကြောင်း သိရှိရ သည်။

မပန်းအိဖြူသည် ယနေ့ နံနက်စောစော ညင်းထွေးရွာသို့ ဆိုင်ကယ်ဖြင့် ငါးပိ သွား ပို့စဉ် စစ်တပ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်

“သူစီးတဲ့ဆိုင်ကယ်က ကျိုးကြေသွားတယ်။ လူက ဦးခေါင်းထိပ်ပိုင်း ဘာမှ မရှိတော့ဘူး။ နောက် မှ ခရီးသွားတွေက လူတစ်ယောက် သေနေတယ် ဆိုပြီးပြောလို့ သွားကြည့်မှ သူဖြစ်နေတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

သေဆုံးသူ မပန်းအိဖြူသည် မိဘနှစ်ပါးမရှိကြတော့သည့်အတွက် ဆွေမျိုး တော် စပ်သူများက စောင့်ရှောက် ထားသူဖြစ်သည်ဟု သိရပြီး ၎င်း၏ ရုပ် အလောင်းကို ယနေ့ နံနက်ပိုင်းတွင်ပင် ညင်းထွေးရွာ၌ သင်္ဂြိုဟ်လိုက် ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်နှင့် မကွေးတိုင်း၊ နတ်မောက်မှ ပြည်သူ ၇ ဦးကိုလည်းစစ်တပ်က သတ်ဖြတ် လိုက်ကြောင်း ဒေသပြည်သူများက ပြော သည်။

မန္တလေး၊ ငါန်းဇွန်မြို့နယ်၊ ရေဆင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီး နင်းပြီး ဒေသခံ ပြည်သူ ၆ ဦးကို ဖမ်းဆီး သတ်ဖြတ်ကာ ရုပ်အလောင်းများ ဖျောက် ဖျက်ခဲ့ကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ငါန်းဇွန်မြို့နယ် ရေဆင်းကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၇ ဦးကို ဖမ်းဆီးခဲ့ပြီး ပြည်သူ ၆ ဦးကို သတ်ဖြတ်ကာ ရုပ်အလောင်းများကို သယ်ဆောင်သွားပြီး အလောင်း ဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် သတ်ဖြတ်ခဲ့သော ရေဆင်းရွာသား ၆ ဦးမှာ ကိုကျော်တင်၊ ကိုစိန်အောင်၊ ကိုမျိုးနိုင်၊ ကိုသုခ၊ ကိုနိုင်ဝင်းဆွေနှင့် ကိုစိန်မောင်မြင့်တို့ဖြစ် ကြောင်း သိရသည်။

” ငါန်းဇွန်၊ ရေဆင်းကျေးရွာက ပြည်သူ ၇ ဦးကို စစ်ခွေးတွေက ဖမ်းဆီးပြီး ၆ ဦးကို သတ်ဖြတ်သွားတယ်။ ၁ ဦးကတော့ ဒဏ်ရာကြီးနဲ့ ထွက်ပြေးသွားတယ်။ စစ်ခွေးတွေက သတ်ဖြတ်ပြီးတော့ အလောင်းတွေပါ သယ်သွားပြီး ဖျောက် ဖျက်သွားတယ်။ အခု သားကျင်ကျေးရွာ စာသင်ကျောင်းမှာ အင်အား ၅၀ခန့်နဲ့ တပ်စွဲထားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ထန်းပင်မျှောင်ကျေးရွာကို အကြမ်း ဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာနေ ပြည်သူ ဦးဇော်ဝင်းကို ပစ် သတ်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထန်း ပင် မျှောင်ရွာကို ဝင်ရောက် စီးနင်းပြီး ရွာထိပ်တွင် သေနတ် ၈ ချက် ပစ်ဖောက် ကာ ကျေးရွာတွင်း ဝင်ပြေးသည့် ပြည်သူများကို ပစ်ခတ်ခဲ့ပြီး ကျေးရွာနေ ပြည် သူ ဦးဇော်ဝင်းကို ပစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၅ ဦးခန့်ကိုလည်း စစ်တပ် က ဖမ်းဆီးရိုက်နှက်ခဲ့ပြီး ကံသာကျေးရွာဘက်သို့ ဆက်လက် ထွက်ခွာသွား ကြောင်း သိရသည်။

” စစ်ကားတွေနဲ့ ၀င်စီးပြီး ရွာထိပ်မှာ သေနတ်ဖောက်ခဲ့အချိန် ပြည်သူတွေက ရွာထဲ ဝင်ပြေးတာကို ပစ်ထည့်လိုက်တာ ဦးဇော်ဝင်း ကျည်ထိပြီး သေဆုံး သွားပြီး ရွာသား ၅ ဦး လောက်လဲ ဖမ်းဆီး ရိုက်နှက်ခံရတယ်။ ဦးဇော်ဝင်း နာရေး ကတော့ ဒီနေ့ပဲ လုပ်ပြီးပြီလို့သိရတယ်။ သူ့မိသားစုဝင်တောင် ရုပ်အ လောင်းကို မမြင်လိုက်ရဘူးပြောတယ်။ အခု စစ်ခွေးတွေက ကံသာကျေးရွာမှာ တပ်စွဲထားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဦးဇော်ဝင်းကို ပစ်သတ်ခဲ့ပြီးနောက် ဖမ်း ဆီးရိုက်နှက်ခဲ့သည့် လူငယ် များကိုပြန်လွှတ်ပေးခဲ့ကြောင်း၊ ထို့နောက် ကျေးရွာ အတွင်းရှိ တစ်အိမ် တစ်ယောက် ပြည်သူများကို ခေါ်ယူကာ စစ်တပ် ရွာထဲဝင်လာလျှင် ထွက်မပြေးကြရန်နှင့် ထွက်ပြေးလျှင် ပစ်သတ်မည်ဟု ခြိမ်း ခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကားဖြင့် တက်ကြိတ်သတ်ခံခဲ့ရသူ မပန်းအိဖြူ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article