30 C
Yangon

ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပ်ပြီး CDM ဝင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးက အာဏာလု စစ်ကောင်စီရဲ့ ခလရ ( ၂၈၄) က တပ်သားတစ်ဦး KNLA ပူးပေါင်းတပ်ဖွဲ့ဆီ လက်နက်အပ်ပြီး CDM လာ ရောက် ပြုလုပ်တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ခလရ(၂၈၄)က တပ်သား စက်ပိုင်ထွန်းဟာ ဒီနေ့ နေ့လယ် ၁၂ နာရီခန့်မှာ နဂါး နီ စစ်ကြောင်း၊ တပ်ခွဲ၂ နဲ့ KNLAတပ်ရင်း၁၇ တပ်ခွဲ၂ ဆီကို လာရောက် CDM ပြု လုပ်ခဲ့တာဖြစ်ပါတယ်။

CDM တပ်သား စက်ပိုင်ထွန်းကို လိုအပ်မယ့် အဝတ်အစား၊ အသုံးအဆောင် တွေနဲ့ ထောက်ပံ့ငွေ ကူညီပံ့ပိုးခဲ့တယ်လို့ ဖော်ပြပါတယ်။

နဂါးနီစစ်ကြောင်း တပ်ခွဲ (၂) နဲ့ KNLA တပ်ရင်း ၁၇ တပ်ခွဲ (၂) ဆီကို လာ ရောက် ပူးပေါင်း CDM ပြုလုပ်ကြသူ ၁၀ဦးကျော်ထိ ရှိနေပြီ ဖြစ်တယ်လို့လည်း အသိပေးပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article