30 C
Yangon

ထီးချိုင့်မြို့နယ်ရှိ လေသာရွာကို အကြမ်းဖက် စစ်တပ် ၂ ရက်ဆက်တိုက် မီးရှို့မှု နေအိမ် ၂၀၀ ကျော်ပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၀၀ ကျော်ပြာကျခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က လေသာရွာကို ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၀၀ ကျော် မီးလောင်ပြာကျ ခဲ့ကြောင်းသိရသည်။

လေသာရွာသည် နေအိမ် ၃၀၀ ခန့်ရှိသောကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀၀ ကျော်ပြာကျကာ ထွန်စက်များ၊ စပါးများနှင့် အသုံးအဆောင် ပစ္စည်း အများအပြား မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article