35 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမှာ ဒီဇင်ဘာ ၃ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၂၀ ကျော် သေသွားကာ ၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ KNDF တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – ရန်ကုန် ရွှေပြည်သာတံတားအဆင်း ၁၄ လမ်းဆုံအနီးမှာ ဆိုင်ကယ်ဖမ်းဆီးတာနဲ့ ကားစစ်ဆေးတာတွေ ပြုလုပ်နေတဲ့ ရဲနဲ့ ယာဉ်ထိန်းရဲအဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ရာ ရဲ ၃ ဦး သေသွားပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြပျောက်ကျား တပ်ဖွဲ့ က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ – စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက် သလို မီးရှို့ဖျက်ဆီးတာတွေကြောင့် နေအိမ် ၄၃၇ လုံးပြာကျခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ – စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချောင်းကြားရွာကို အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ခမရ-၃၆၉ နဲ့ လက်ပါးစေ ပျူစောထီးတွေက ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၇ နာရီ ၃၀ မိနစ်လောက်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၈ လုံးနဲ့ စပါးကျီတွေ မီးလောင်ပျက်စီးခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Previous article
ဆားလင်းကြီးမှာ အသက် ၉၀ နဲ့ အသက် ၈၅ အရွယ် မျက်မမြင် အဘွား ဒေါ်သန်းငွေနဲ့ ဒေါ်အမာ ကြီး တို့ကို စစ်တပ်က ဘယ်လို ရက်ရက်စက် သတ်ဖြတ်ခဲ့လဲ
ရန်ကုန်၊ ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာ ၄ ခုမှ အိမ်ခြေ ၂၄၈ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အသက် ၉၀ အရွယ် မျက်မမြင် အဘွားအိုနှင့် လေဖြတ်နေသည့် အဘွားအိုတို့ကို စစ်တပ်က မီးရှို့ သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်တပ်က နိုဝင်ဘာလ နှောင်းပိုင်းမှစတင်ပြီး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ဆားထုံးကျေးရွာမှ အိမ်ခြေ ၁၅၅ လုံး၊ ထန်းဇင်ကျေးရွာမှ အိမ်ခြေ ၂၄ လုံး၊ လက်ပံကျွန်းကျေးရွာမှ အိမ်ခြေ ၃၃ လုံး၊ တောကျောင်းလေးကျေးရွာမှ အိမ်ခြေ ၃၆ လုံး စုစုပေါင်း အိမ်ခြေ ၂၄၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ဆားထုံးရွာမှ အသက် ၉၀ နှစ်အရွယ် မျက်မမြင် ဒေါ်သန်းငွေနှင့် အသက် ၈၅ နှစ်အရွယ် လေဖြတ်လူနာ ဒေါ်အမာကြီးတို့ကို မီးရှို့သတ်ဖြတ် သွားခဲ့ကြောင်း သိရှိရသည်။
“မျက်မမြင်အဘွား ဒေါ်သန်းငွေနဲ့ အသက် ၈၅ နှစ်အရွယ် လေဖြတ်လူနာ ဒေါ်အမာကြီးကို စစ်တပ်က မီးရှို့ သတ်ဖြတ်သွားတာဖြစ်ပါတယ်။ ဒေါ်အမာကြီး အသက် ၈၅ နှစ်က တောင်ဝှေးနဲ့ သွားလာနိုင် ပေမယ့် စစ်ကြောင်း ဝင်တော့ မပြေးနိုင်တော့ပါဘူး။ ဒေါ်သန်းငွေကလည်း မျက်မမြင်ဆိုတော့ မီးထဲ ထည့်ပြီး အသတ်ခံလိုက်ရတာဖြစ်ပါတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင်စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဆားထုံး ၊ လက်ပံကျွန်း ၊ တောကျောင်း ကျေး ရွာများကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ပြီး မီးရှို့နေသည့်အပြင် အသက် မပြည့်သေးသည့် ကလေးအများ အပြား ကို ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဆားလင်းကြီးမြို့နယ်အတွင်းတွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို မသိရှိသေးဘဲ ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဓား မဆိုင်း တပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း၂၈ အထူးတိုက်ခိုက်ရေးအဖွဲ့မှ ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။
ဓာတ်ပုံ- စစ်တပ်၏ မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသွားသော အဘွား ၂ ဦး၏ ကြွင်းကျန်ရစ်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ။
Next article
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article