36 C
Yangon

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာနှင့် ငွေနံ့သာ အကြားတွင် ရခိုင်ပြည်နယ်မှ မွတ်စလင် လူငယ်များဟု ယူဆရသည့် အလောင်း ၁၃ ခု စွန့်ပစ်ထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာနှင့်ငွေနံ့သာကျေးရွာအကြားရှိ လမ်းဘေးတစ်နေရာတွင် ရခိုင် ပြည်နယ်မှ ရွှေ့ပြောင်းလာသည့် မွတ်စလင် လူငယ် ၁၃ ဦး၏ သေဆုံးနေသော အလောင်းများကို စွန့်ပစ်ထားမှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၆ နာရီအချိန်တွင် အလောင်းများကို တွေ့ရှိရခြင်းဖြစ်ပြီး ယမန်နေ့ညကတည်းက စွန့်ပစ်ခဲ့သည့်ပုံစံရှိ ကြောင်း၊ အလောင်းများအားလုံးတွင် သွေးထွက်သံယိုဒဏ်ရာလုံး၀မရှိဘဲ ပြင်ပဒဏ်ရာလည်း မတွေ့ရှိရကြောင်း ၊ သေဆုံးသူများသည် မင်္ဂလာဒုံဒေသခံများ မဟုတ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“လူငယ်လေးတွေချည်းပဲ။ လူကြီးမပါဘူး။ ဆယ်ကျော်သက်တွေ။ ဘောလုံးဘောင်းဘီလေးတွေနဲ့။ အကုန်လုံး ဖွေးဆွတ်နေပြီ။ အစုလိုက်အပြုံလိုက်ကြီး ပစ်ချသွားတာမျိုး။ ရပ်ကွက်လူကြီးပြောတာတော့ ရခိုင်ဘက်ကနေ ရန်ကုန်ဘက် တက်လာရင်း အောက်ဆီဂျင်ပြတ်သေတာမျိုးဖြစ်နိုင်တယ်လို့ပြောတယ်။ အလောင်းတွေက ညက တည်းက ချသွားတယ်လို့လည်းပြောတယ်။ မနက်မှ အားလုံးတွေ့တာ။ အခုတော့ စစ်ခွေးတွေရော ရောက်လာကြပြီး သယ်သွားကြပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်တပ်ဘက်ကမူ အလောင်း ၁၃ လောင်း တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ထားပြီး ရွှေ့ပြောင်း မွတ်စလင်များ ဖြစ်နိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မင်္ဂလာဒုံမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ဖုန်းလက် ခံဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article