34 C
Yangon

လောင်းလုံး၊ မောင်းမကန် ရဲစခန်းတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကူလာသော ကားများပါ မိုင်းဆွဲခံရ၊ အင်မထီးရွာ ပျူစောထီးစခန်းကို PDF တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မောင်းမကန်ရွာနှင့် ပန်းတင်အင်းကျေးရွာရှိ မောင်းမကန်နယ်မြေရဲစခန်း​ ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။

တိုက်ခတ်ပစ်ခတ်မှု အသံများ ကြားရချိန်မှာ ည ၈ နာရီခန့်မှ ည ၁၀ နာရီဝန်းကျင်အထိဖြစ်ပြီး လက်နက်ကြီးသံများလည်း ကြားရကြောင်း၊ ပစ်ခတ်သံများကြောင့် ဒေသခံများမှာ မအိပ်ရဲဘဲ စောင့်ကြည့် နေခဲ့ရကြောင်း သိရသည်။

မောင်းမကန် နယ်မြေရဲစခန်း တိုက်ခိုက်မှုကို မည်သည့်အဖွဲ့လုပ်ဆောင်ခဲ့သည်ကို မသိရှိရသေးဘဲ တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် စစ်ကားများနှင့် အရေးပေါ်ကားများ ထားဝယ်ဘက်မှ မောင်းမကန်ဘက်သို့ ဆင်းလာကြကြောင်း သိရှိရသည်။

ထိုသို့ စစ်ကူဆင်းလာသည့် စစ်ကောင်စီကားများသည်လည်း မောင်းမကန်ရွာအနီး သုံးထပ်လမ်းကွေ့တွင် မိုင်းဆွဲခံရပြီး ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း၊ ကျည်ခွံများကို လမ်းပေါ်တွင် တွေ့ရကြောင်း ၊ စစ်ကောင်စီဝင်များ ထိခိုက်သေဆုံးမှု ရှိသော်လည်း စာရင်းအတိအကျမသိရှိရသေးကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာ ပျူစောထီးစခန်းကို လက်နက်ကြီးများနှင့် နှစ်ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း M7 People’s Defence Force ထံမှ သိရသည်။

ယင်းပျူစောထီးခန်းကို ယနေ့ ဒီဇင်ဘာလ ၅ ရက်နံနက်အစောပိုင်းတွင် ပုလဲမြို့နယ်၊ လုပ်သားရွာ အနောက်ဘက် ဘုရားကုန်းမှ လက်နက်ကြီး ၃ လုံးကိုလည်းကောင်း၊ မနေ့က ဒီဇင်ဘာလ ၄ ရက် ည ၈ နာရီခန့်က လုပ်သားရွာ၏ အရှေ့မြောက်ဘက် မီတာ ၅၀၀ အကွာမှ လက်နက်ကြီး ၅ လုံးကို လည်း ကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း M7 People’s Defence Force က ထုတ်ပြန်ထားသည်။

” လက်နက်ကြီးနဲ့ပစ်တော့ ပျူစောထီးတွေက ‘ဟေ့ကောင်တွေ သတ္တိရှင်ရင် ရွာထဲဝင်လာခဲ့’ဆိုလို့ G3 နဲ့ စခန်းကို လှမ်းပစ်ခတ်ခဲ့သေးတယ်၊ ဘာမှပြန်ပစ်တာမရှိတာနဲ့ ပြန်ဆုတ်လာခဲ့တာ၊ လက်နက်ကြီး ၃ လုံး ကတော့ စခန်းထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်၊ အထိအခိုက်အသေအဆုံးတော့ မသိရသေးဘူး” ဟု M7 People’s Defence Force မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းတိုက်ခိုက်မှုကို M7 People’s Defence Force နှင့် Eagle One(ကနီ)တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article