30 C
Yangon

KNU နယ်မြေ တပ်မဟာ(၆)ခု၌ နိုဝင်ဘာလအတွင်းတွင် အကြမ်းဖက်စစ်သား (၃၃၀)ကျော်သေဆုံးပြီး KNLA ပူးပေါင်းဘက်မှ (၃၀)သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်နယ်မြေအတွင်းရှိ တပ်မဟာ(၆)ခု၌ နိုဝင်ဘာလ အ တွင်း တိုက်ပွဲပေါင်း (၂၉၀ )ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား (၃၃၃)ဦးသေဆုံးကာ (၂၇၃ ) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့မှ (၃၀)ဦး ကျဆုံးကာ (၆၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း KNU ဗဟိုထုတ်ပြန်ချက်အရ သိရသည်။

သထုံခရိုင် တပ်မဟာ (၁) အုပ်ချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း (၃၃) ကြိမ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား (၄၄) ဦးသေဆုံးကာ(၄၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကား(၁၁)စီးပျက်စီးခဲ့ပြီး အ ကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ BGF တပ်သားတစ်ဦး လက်နက်နှင့် တကွ အလင်းဝင်ခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့ နေအိမ် (၇)လုံး ပျက် စီးကာ ပြည်သူ(၂)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ လေ ‌ကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်(၂)လုံးပျက်စီးကာ ပြည်သူ တစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း၊ ပြည်သူ(၁)ဦးကိုလည်း အ ကြောင်းမဲ့သတ်ဖြတ်ခဲ့ကာ (၃)ဦးကိုလည်း ဖမ်းဆီးထားသည်။

တောင်ငူခရိုင် တပ်မဟာ (၂) အုပ်ချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း (၁၇) ကြိမ်တွင် အကြမ်းဖက်စစ်သား (၅၃) ဦးသေဆုံးကာ (၁၀) ဦးထိခိုက်ဒဏ်ရာ ရရှိပြီး စစ်ကား (၃)စီးပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ(၂)ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရရှိပြီး နေ အိမ်(၃)လုံးပျက်စီးခဲ့ကြောင်း၊ ပြည်သူ့နေအိမ် (၅)လုံးကို အကြမ်းဖစ်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်ခရိုင် တပ်မဟာ (၃) အုပ်ချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း (၃၀) ကြိမ်တွင်အကြမ်းဖက် စစ် ကောင်စီ တပ်သား (၄၀) ဦးသေဆုံးကာ(၂၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ် စခန်း (၃)ခု၊ စစ်ကားတစ်စီးပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး အလုံးရေ(၆၀)ကျော် ပစ် ခတ်မှုကြောင့် နေအိမ် (၆) လုံး၊ စာသင်ကျောင်း (၁) ကျောင်း၊ ဆေးပေးခန်း (၁)ခု ထိခိုက်ပျက်စီး ခဲ့ကာ ပြည်သူ (၁) ဦးသေဆုံးပြီး (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ Drone ဖြင့် (၇) ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ရာ နေအိမ် (၃) လုံး၊ ဆေးရုံ (၁)ရုံ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ (၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လေကြောင်းမှ (၃၄) ကြိမ်ခန့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နေအိမ် (၄) လုံး၊ ဘုန်းကြီးကျောင်းဓမ္မာရုံ (၁)ရုံ၊ ဆေးရုံ (၁)ရုံတို့ ထိခိုက်ပျက် စီးခဲ့ ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ပြည်သူလူထု၏ နေအိမ် (၂၁) လုံး အား မီးရှို့ဖျက်ဆီး ခဲ့ပြီး အပြစ်မဲ့ပြည်သူ (၁၂) ဦးကိုလည်း အကြောင်းမဲ့ဖမ်းဆီးထားကြောင်း သိရသည်။

ဘိတ်−ထာဝယ်ခရိုင် တပ်မဟာ (၄) အုပ်ချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း (၄၁)ကြိမ်တွင် အကြမ်းဖက် စစ် ကောင်စီတပ်သား (၄၈) ဦးသေဆုံးကာ(၂၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကား(၆)စီး ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး အလုံး (၃၀) ကျော် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ (၁) ဦး သေဆုံးကာ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ တပ်သားမှ နေအိမ် (၉) လုံး အား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူ (၇) ဦးအား လည်း အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့သည်။

မူတြော်ခရိုင် တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း (၁၁၆) ကြိမ်တွင် အကြမ်းဖက်စစ် ကောင် စီတပ်သား (၆၉) ဦးသေဆုံးကာ (၅၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကား(၁)စီးနှင့် အကြမ်း ဖက်စစ် ကောင်စီ ဒေါက်တိုင် ဖုန်းတာဝါတိုင် တစ်ခုတို့ ပျက်စီးခဲ့ကြောင်း အကြမ်းဖက် စစ်တပ်မှ လက်နက်ကြီး အလုံးရေ (၃၃)လုံးပစ်ခတ်တိုက်ခိုက်မှု ကြောင့် နေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့ကာ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် နေအိမ်(၁၂)လုံး၊ စာသင်ကျောင်း(၁)ကျောင်း၊ ဘုရားကျောင်း(၁)ကျောင်း တို့ ပျက်စီးခဲ့သည်ဟုဆိုသည်။

ယင်းနယ်မြေအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ထောင်ထားသော မြေမြုပ်မိုင်းနင်းမိပြီး ပြည် သူ (၂)ဦးသေဆုံးကာ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒူးပလာယာခရိုင် တပ်မဟာ (၆) အုပ်ချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း (၅၃) ကြိမ်တွင် အကြမ်းဖက်စစ်သား (၇၉) ဦးသေဆုံးကာ (၈၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲစခန်း (၂)ခုတို့ ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲ (၆)ဦးကို ဖမ်းမိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား (၂) ဦးလည်း လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး (၇၇) လုံး ပစ်ခတ်ခဲ့မှုကြောင့် နေအိမ် (၆) လုံး ထိခိုက် ပျက်စီးပြီး ပြည်သူ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ (၃) ဦးသေဆုံးကာ(၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ နေအိမ် (၂)လုံး ကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင်ပစ္စည်းများနှင့် ဆန်အိတ် (၅) အိတ်ကိုလည်း ခိုးယူသွား ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article