38 C
Yangon

မန္တလေးတွင် အချုပ်ကား ဗုံးပစ်ခံရမှုမှ ဒဏ်ရာရရှိသော ရဲအုပ် ယဉ်ယဉ်ဌေးနှင့် ရဲတပ်ကြပ် သန္တာကျော်တို့ ဆေးကုသမှု ခံယူနေစဉ် သေဆုံး၊ ယာဉ်မောင်း ရဲ တပ်သား ပြည်စုံထွန်း ခြေထောက်ဖြတ်ရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၇

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၇၈ လမ်းတွင် နိုဝင်ဘာလ ၁ ရက်နေ့က အချုပ်ကား ၁ စီးကို ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အဆိုပါဖြစ်စဉ် တွင်ဒဏ်ရာရရှိခဲ့သော ရဲအုပ် ယဉ်ယဉ်ဌေးနှင့် ရဲတပ်ကြပ် သန္တာကျော်တို့ ဆေး ကုသမှု ခံယူနေစဉ် ရှေ့ဆင့် နောက်ဆင့်ဆိုသလို သေဆုံးခဲ့ပြီး အချုပ်ကား ယာဉ် မောင်း ရဲတပ်သား ပြည့်စုံထွန်း မှာ ခြေထောက်ဖြတ်လိုက်ရကြောင်း ရဲသတင်းရင်းမြစ်က ပြောသည်။

ဗုံးဖြင့် ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ဒဏ်ရာရရှိပြီး ဆေးဝါးကုသမှု ခံယူနေသော ရဲအုပ် ယဉ်ယဉ် အေး သည် နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင်လည်းကောင်း၊ ရဲတပ်ကြပ် သန္တာကျော်သည် ဒီဇင်ဘာလ ၂ ရက်နေ့တွင်လည်းကောင်း ရရှိ ဒဏ်ရာ များဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

အချုပ်ကား ယာဉ်မောင်း ရဲတပ်သား ပြည့်စုံထွန်းမှာမူ ခြေထောက် တစ်ခုလုံး လုံး၀ ဖြတ်တောက် ပစ်လိုက်ရပြီး ဆေးဝါးကုသမှု ဆက်လက်ခံယူနေဆဲ ဖြစ် ကြောင်း သိရှိရသည်။

“ရဲအုပ် ယဥ်ယဥ်ဌေး နဲ့ ရဲတပ်ကြပ် သန္တာကျော်တို့ ဆေးကုသမှု ခံယူနေတာမှာ ရဲအုပ်က နိုဝင်ဘာလ ၃၀ရက်နေ့ညကသေတယ်။ ရဲအုပ် ယဉ်ယဉ်ဌေး၊ ရဲတပ် ကြပ် သန္တာကျော်က ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၅နာရီလောက်မှာ ဆုံးတယ်။ အချုပ်ကား ယာဉ်မောင်း ရဲတပ်သားပြည့်စုံထွန်းက ခြေထောက် ဖြတ် ရ ပါ တယ်” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၈ လမ်း၊ ခင်စောမူကွေ့ရှိ အမှတ် (၁၁) ရဲ စခန်း အနီးတွင် နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် အချုပ် ကား ၁ စီး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး အချုပ်ကားသည် ချမ်းမြသာ စည် မြို့နယ် တရား ရုံးကို အချုပ်သားပို့ပြီးအပြန်တွင် ဗုံးဖြင့် တိုက်ခိုက် ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article