29 C
Yangon

နွားထိုးကြီး၊ မင်းရွာမှ NLD ပါတီဝင် ၄ ဦး အပါအဝင် ပြည်သူ ၆ ဦးကို စစ်တပ် လက်အောက်ခံ သွေးသောက်အဖွဲ့က ဖမ်းဆီး သတ်ဖြတ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၇

မန္တလေး၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာတွင် အကြမ်းဖက် စစ်တပ် လက် အောက် ခံ သွေးသောက်အဖွဲ့ဝင်များက NLD ပါတီဝင် ၄ ဦး အပါအဝင် ပြည်သူ ၆ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာ သို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် လက် အောက်ခံ သီတာယုမွန် သွေးသောက်အဖွဲ့က မင်းရွာအတွင်းသို့ အမည် စာရင်း အတိအကျဖြင့် ဒေသခံ ပြည်သူ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လက်ပြန်ကြိုးတုတ်ကာ လည်ပင်းကို ဓားဖြင့်လှီးပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လက်အောက်ခံ သွေးသောက်အဖွဲ့ဝင်များ သတ်ဖြတ် ခဲ့သည့် ပြည်သူ ၆ ဦးတွင် ၄ ဦးမှာ NLD ပါတီဝင်များဖြစ်ပြီး မင်းရွာနှင့် ကူကုန်းရွာအကြား ဇရပ်နား၌ သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း၊ သေဆုံးသူ ၆ ဦးအမည်မှာ ဦးကျော်ဆောင် (NLD ပါတီဝင်)၊ ဦးခင်မောင်စိန် (NLD ပါတီဝင်)၊ ၊ ဦးဟန်တင် (NLD ပါတီဝင်)၊ ဦးမင်းဇော် (NLD ပါတီဝင်)၊ ဦးစိုးပိုင်နှင့် ကို အောင် ကိုမင်း တို့ဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေရဲ့ နေအိမ်တွေထဲထိ ညအချိန် ဝင်ဖမ်းဆီးပြီး နံနက်ရောက်တော့ အလောင်းတွေစွန့်ပစ်သွားတာပဲ စစ်တပ် လက်အောက်ခံ သွေးသောက်တွေ သတ်တာ ဘာကိစ္စကြောင့် သတ်တယ်ဆိုတာ မသိရဘူး။ သူတို့ပါလာတဲ့ စာရင်း ထဲက အိမ်တွေကို ဝင်ဖမ်းပြီး နံနက်တော့ လမ်းဘေးတွေမှာ အလောင်း တွေ့ရတာပဲ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလးတူ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီအချိန် မင်းရွာကျေးရွာ အုပ်ချုပ် ရေးမှူးနှင့် သားတော် စပ်သူတို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ကိုင်ဆောင်ထားသည့် လက်လုပ်သေနက်အတို ၁ လက်နှင့် ကျည် ၅ တောင့် လက်ပစ်ဗုံး တစ်လုံးတို့ကို ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article