30.3 C
Yangon

ထီးချိုင့်မြို့နယ် ပေါက်ကုန်းရွာ၊ ပေါက်မြို့နယ်၊ လယ်လန်း၊ သရဖီနှင့်ရွာသာအေး ကျေးရွာများကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့

Must read

ရန်ကုန်၊ ဒီဇင်ဘာ၈

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ပေါက်ကုန်းရွာ၊ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လယ်လန်း၊ သရဖီနှင့် ရွာသာအေး ကျေး ရွာ များကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့လျက်ရှိကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာ ၈ ရက်နေ့ ၊ နံနက် ၇ နာရီခွဲအချိန် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း သိရှိရသည်။

“စစ်ကြောင်း ၄ကြောင်းနဲ့ ကျေးရွာတွေကို မီးရှို့နေတယ်။ ဘယ်သူမှ ဒီကောင်တွေကို မတားနိုင် တော့ဘူးလား။ရွာမီးရှို့လို့ ကုန်ချင်ကုန်ပါစေ။ စစ်ခွေးတွေကိုသာ နိုင်အောင်လုပ်ကြပါ” ဟု ထီးချိုင့်ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီက ထီးချိုင့်မြို့နယ်တွင် နိုဝင်ဘာ၂၅ရက်နေ့မှစတင်ပြီး မီးရှို့လျက်ရှိရာမှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ကျေးရွာ ၁၄ ရွာ မီးရှို့ခံရကြောင်း၊ သခွတ်ချောင်၊ ကျက်သရေကျောင်း၊ ဆူးပုတ်ချောင်း၊ အင်းတိန်၊ လေသာ၊ ပဲခင်း၊ရွှေချောင်း၊ ဘိုတဲကုန်း၊ အောင်သာကုန်း၊ အလယ်တော၊ အင်ကျင်းကုန်း၊ ဇီးသောင် အရှေ့ရွာ၊ ဇီးသောင်အနောက်ရွာတို့ မီးရှို့ခံရကြောင်း သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်း မကွေးတိုင်း၊ ပေါက်မြို့တောင်ပိုင်း လယ်လန်းကျေးရွာ၊ သရဖီ ကျေးရွာ၊ ရွာသာအေးကျေးရွာများကို စစ်တပ်က မီးရှို့လျက်ရှိကြောင်း သိရှိရသည်။

” ဒီဇင်ဘာလ ၇ ရက်နေ့ မှာ ပေါက်မြို့က ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းဟာ ပေါက်မြို့ တောင်ပိုင်း ခြေလျင်ဆင်းပြီး ကျသိုက်ကျေးရွာကို စတင်မီးရှို့ခဲ့ပါတယ်။ မနေ့ ညပိုင်း ၈ နာရီ ခန့်မှာ လယ်လန်းကျေးရွာကို ထပ်မံ မီးရှို့ခဲ့ပါတယ်။ ဒီနေ့ နံနက် ၈ နာရီအချိန်မှာလည်း သရဖီ ကျေးရွာ ရွာနှင့် ရွာသာအေး ကျေးရွာကိုပါ ထပ်မံ မီးရှို့နေပါတယ်။ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ နယ်မြေခံ ပျူစောထီး ကျေးရွာတွေနဲ့ ပေါက်မြို့သို့ သွားရာ လမ်း ကြောင်း တလျှောက်ရှိ ကျေးရွာ တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ ဖျက်ဆီးနေတာပါ။ ကျေးရွာ ၁၅ ရွာခန့် ပြည်သူ ၅၀၀၀ ခန့် နေရပ် စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတာပါ။ အိမ်ခြေ ၄၀၀ ခန့် မီးလောင်ပြာကျနိုင်ပါတယ်” ဟု ပေါက်မြို့သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article